မိုးပ္လပ်
ဝါဟို့လိုလို
မိုးရိမည်း
အောက်က္လလာဗီကွဲ။
ဝါခ္လ ဝါခ္လ
အောက်နေန
ပူလှောန်ဆိုးဗြင်းဇ။
လတ်ဆစ်ဖ္လန့်ဗီး
လေဟှားတိုက်
ဝါဇာရှေ့ဟှာ
ဝါခ္လလိုက်။
လေတိုက်ဗြင်းဂြောန့်
မိုးဝါခတ်
မိုးရိလေနာ့လွမ့်
ကန်ဂေါင်ပ္လန် လန်းဒတ်။
ဧသင် (ခေတ္တ-ဟွေး) (၃ မတ်လ-၂၀၂၆)
ရွာမလိုလိုနဲ့ ရွာဟန်ပြင်၍ မရွာသောမိုးသို့။ မိုးအုံ့လာခဲ့ပေပြီ။ မိုးအုံ့ချိန် ပူလာသည်မို့ အုံ့မနေဘဲ မြန်မြန်ရွာချပါစေဟု ဆုတောင်းရသည်။ လျှပ်စီးလက်လာ၍ လေကလေးလည်း တိုက်လာသည်မို့ ရွာမည်ဆိုလျှင်လည်း ရွာလိုက်ပါတော့ဟု စိတ်ထဲက ပြောရသည်။ လေက အတော်လေး တိုက်ခတ် လာ၏။
ထိုလေကပင် မိုးသားတိမ်တိုက်များကို လွင့်သွားအောင် လုပ်လိုက်သလိုဖြစ်ကာ ကောင်းကင် ပြင်ကြီးသည် ပြန်၍ လင်းလာပေ၏။ မိုးကား မရွာပါ။




