မိုးဝါးမ

July 6, 2026,

ဧသင်

မိုးနံ့မ္လေနံ့

မွှီးဒတ်လာဗီ

မိုးဖျားဟှားမ

ဖူရှင်းခီ။

ဗြစ်ဟှားစိုးစို

မ္လေသား ညိုးညို

လေသန့်ဗြင်းဇ

သာယာဗီ။

နွီကူမိုးကူး

ပူဒူးမိုးဝါ

အေးက္လလာဗီ

မိုးဝါခီ။

ဧသင် (ခေတ္တ-ဟွေး) (၂၆-ဖေဖော်ဝါရီလ-၂၀၂၆)

မိုးဖွဲကလေးတဖြိုက်လောက်ရွာတော့ မိုးရနံ့ မြေရနံ့ သင်းလာသည်။ ထိုမိုးကလေးက ဖုန်များကို ရှင်းလိုက်၏။ မြက်တို့ တစိုစိုနှင့် မြေသားညိုညိုတို့သည် မိုးရနံ့သင်းပျံ့သော လေသန့်သန့်နှင့်အတူ သာယာသော အခြေအနေကို ဖန်တီးလျက်ရှိလေပြီ။ နွေအကုန် မိုးအကူးမို့ ပူနွေးတုန်းအခါ မိုးကရွာလျှင် ရာသီဥတု အေးမြလာပါပေသည်။