မိုးခေရှယ်

July 5, 2026,

ဧသင်

ဝါဟှယ် ဝါဟှယ်

မဗီးမ

မိုးလောင်းကီးဇ

ကြမ်းဗြင်းဇ။

ဝါခ္လ ဝါခ္လ

မဗီးမ

ကံဂေါင်မည်းဇ

စဲနိုင်ဟှ။

ခေရှယ် ခေရှယ်

ကြာဆိုးဇ

ဒိဒိဒိ န

ဝါဗြင်းဇ။

ဧသင် (ခေတ္တ ဟွေး) (၁၈ ဇန္နဝါရီလ ၂၀၂၆)

အတော့်ကို ခြေရှည်သော မိုး။ တမပြီးတမရွာ သလို မိုးလုံးက ကြီးကြီး နှင့် ကြမ်းတမ်းသော မိုးပေါက်များ။ ရွာလိုက်သည်မှာ ကောင်းကင်းက မလင်းနိုင်အောင် မှုန်အုံ့လို့ မစဲသောမိုး တမပြီးတမ။ မိုးသည် ခြေရှည်လှသည်။ မိုးအလည်လာသည်မှာ မပြီးနိုင်အောင်ပင် ခြေရှည်လှပြီး တဒီးဒီး ရွာလွန်း နေတော့၏။

မိုးရာသီတွင် မစဲဘဲ တမပြီးတမ မပြီးနိုင်အောင်ရွာသော အခြေအနေကို အဖွားက မိုးခြေရှည်ကလေးဟု ခေါ်သည်ကို ကြားဖူးပါသည်။ ဤသည်ကို ချရေးလိုက်တော့ မိုးကဗျာလေး တပုဒ် ကောက်ရလိုက်ပါ၏။