မိုး ရေကဒန်

June 29, 2026,

ဧသင်

မိုးဝါးမှန်ခီ သူလာဗီ

တောန်ရှိုင် က္လောတ်ကြား

ဖ္လူစိုခီ။

သူသံ က္လယ်းက္လယ်

ဖ္လူလှလှ

ရှီန ဆင်းလာ

အားကောန်းဇ။

မိုးကောန်းလာလေ

သူလှဇ

ရှီဂြမ်းဂီးန

စိုင်းဆင်းခ္လ။

မိုးဒွမ်းမာပေါ

ရေးဖ္လူကြောန်း

ရေကဒန်လေ

ရေရွမ်ကောန်း။

ဧသင် (ခေတ္တ ဟွေး) (၁၆ ဧပြီ ၂၀၂၆)

မိုးအခါသို့ရောက်လတ်သော် တောင်တန်း ရှိုမြောင် ကျောက်များအကြား ရေစီးကြောင်း ဖြူဖြူဖြင့် စို စွတ်လာ၏။ ရေကျသံကျယ်ကျယ် အရောင်က ဖြူဖွေး အရှိန်ပြင်းပြင်း အားမာန်နှင့် စီးဆင်းလာ၏။

မိုးပိုကောင်းလာ ပို၍ရွာလာသော် ထိုရေစီးကြောင်းတို့လည်း သာ၍ လှလာလေ၊ အရှိန်အဟုန်ပိုပြင်းလျက် စီးကျလာလေဖြစ်သည်။ မိုးတွင်း၌ ပေါလှသော ထိုရေဖြူကြောင်းများကာ ရေရွှင်လှသော ရေတံခွန်များပင် ဖြစ်ပါ၏။