“တနင်္သာရီဒေသ ဒေသိယတေးကဗျာများ စာအုပ် ” Ebookကို ရောင်းချနေပီဖြစ်ပါတယ်။

March 21, 2026,

Tanintharyi Gallery

စာအုပ် ဝယ်ယူလိုသူများ Tanintharyi Gallery ရဲ့ မာစင်ဂျာနဲ့ တယ်လီဂံတို့မှာ မေးမြန်းပြီး ဝယ်ယူလို့ရပါတယ်။

စျေးနှုန်းကတော့ မြန်မာငွေ (၂၀၀၀၀) ကျပ် သို့မဟုတ် ထိုင်းဘတ်ငွေ (၂၀၀ ) နဲ့ ရောင်းချနေပါတယ်။

ဒီစာအုပ်က တနင်္သာရီဒေသမှာ ပထမဆုံးထွက်ရှိလာတဲ့ ဒေသိယ တေးကဗျာ စာအုပ် ဖြစ်နိုင်ပါတယ်။ ဒေသိယတေးကဗျာ စိတ်ဝင်းစားကြသူများ၊ ဒေသအရေးစိတ်ဝင်စားကြသူများ၊ တေးကဗျာ ချစ်မြတ်နိုးကြသူများ နဲ့ ဒေသသူ ​ဒေသသားများအနေဖြင့် လက်မလွတ်ပဲ ဝယ်ယူသင့်တဲ့ စာအုပ် တစ်အုပ်လည်း ဖြစ်ပါတယ်။

ဒီစာအုပ်ကို Ebook အဖြစ် စတင်ရောင်းချပါမယ်။ Ebook ရောင်းရငွေကို မတည်ပြီး စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေမှာဖြစ်ပါတယ်။ စာအုပ်ထွက်ရှိလာတဲ့အချိန်မှာ Ebook ဝယ်ယူထားသူများကို ပြန်လည်ပေးပို့ သွားပါမည်။

ထို့အပြင် Ebook ရောင်းရာမှ ရရှိလာတဲ့ ဝင်ငွေတွေကို Tanintharyi Gallery ရဲ့ ရန်ပုံငွေအဖြင့်လည်း အသုံးပြုမှာ ဖြစ်ပါတယ်။

စာအုပ်တွင် ကဗျာ (၇၈) ပုဒ် ပါရှိပြီး ကဗျာရေးသားသူ ( ၈ ) ဦးက ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

နောင်တစ်ချိန် တနင်္သာရီဒေသ သမိုင်းအတွက် တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်မယ့် ဒေသိယစကား ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးငြင်းခုံနိုင်ကြရန် ရည်ရွယ်ပြီး ထုတ်ဝေခြင်း ဖြစ်ပါတယ်။

ဒီမှတဆင့် ဝယ်ယူလို့ရပါတယ်။

💬 Messenger: m.me/tanintharyigallery

📱Telegram : https://t.me/tgallery23

ချစ်ခြင်းအားဖြင့်

Tanintharyi Gallery