တနင်္သာရီဒေသ ဒေသိယ တေးကဗျာ စာအုပ်ကို ထုတ်ဝေလိုက်ပြီ

March 27, 2026,

Tanintharyi Gallery

Tanintharyi Gallery က တနင်္သာရီဒေသ ဒေသိယ တေးကဗျာ စာအုပ်ကို ထုတ်ဝေလိုက်ပြီဖြစ်ပါသည်။ တနင်္သာရီနှင့် ထားဝယ်ဒေသ၏ ရိုးရာ ယဉ်ကျေးမှု ထုံးတမ်း ဓလေ့များ ကို ကဗျာ အသွင် ဖတ်ရပါမည်ဖြစ်ပါသည်။ ကဗျာရေးသူ (၈) ဦး ၏ ကဗျာပေါင်း (၇၈) ပါဝင်သည်။

ကဗျာဖွဲ့ကြသူများမှာ Yun (E-major), ရွှေရီဇော် (တနင်္သာရီ)၊ ကွောန်သား၊ မျိုးဇော်ဦး (ထားဝယ်)၊ နောန်ပိုင်စိုး (ထားဝယ်)၊ ကိုအာသာ၊ နောန်ပြည့်ဝ၊ ဧသင် တို့ဖြစ်ကြသည်။

ကဗျာများကို ယေဘုယျ အမျိုးအစားခွဲကြည့်လျှင်

• ဒေသရိုးရာ ဓလေ့ ဖြစ်ကြသော ပွဲတော်များ နှင့် ယဉ်ကျေးမှု အလေ့အထများကို ဖွဲ့သော ကဗျာများ၊

• ဒေသ အစားအစာများ နှင့် မုန့်များ အကြောင်းကို ဖွဲ့ထားသည့် ကဗျာများ ၊

• သဘာဝ တော တောင်ရေမြေ၊ ရာသီဥတု နှင့် အလှအပများကို ဖော်ညွှန်းဖွဲ့ဆိုထားသော ကဗျာများ၊

• ကလေးများကစားလေ့ရှိသည့် ကစားနည်းအချို့အကြောင်း နှင့် ကလေးများအလွယ်တကူ ရွတ်ဆို နိုင်အောင် ကာရန်နှင့်ဖွဲ့ထားသော ကဗျာများ၊

• လူ့သဘာဝ သရုပ်ဖော်ကဗျာ

အစရှိသဖြင့် အမျိုးစုံလှသော ကဗျာများပါဝင်ပါသည်။

ကဗျာများထဲတွင် တိမ်ကောပျောက်ကွယ်လာနေသည့် အသုံးအနှုန်းများကိုလည်း တွေ့ရနိုင်ပြီး အသုံးအနှုန်းအချို့ကို အဓိပ္ပာယ်ဖွင့်ဆိုရှင်းပြချက်အချို့လည်း ပါဝင်သည်မို့ ဘာသာစကား မှတ်စု တခုဟုလည်း ဆိုလိုက ဆိုနိုင်သည်။

ကဗျာများမှာ မြန်မာစာကို အခြေခံ၍ ဒေသ ဘာသာစကားအသံများအတိုင်း ရေးသားထားခြင်း ဖြစ်သည်။ ဒေသိယ ဘာသာစကားသံ၊ ကဗျာဖွဲ့ဟန် နှင့် ဒေသန္တရ ရိုးရာ ယဉ်ကျေးမှုတို့ကို ကဗျာ ဖြင့် မှတ်တမ်းပြုထားခြင်းမျိုးလည်း ဖြစ်ပါ၏။

မိမိဒေသ ယဉ်ကျေးမှုထုံးတမ်းများကို ကဗျာဆန်ဆန် ခံစား တမ်းတလိုသူ၊ မိခင်ဘာသာ ဒေသိယ စကားဖြင့် ကဗျာဖွဲ့လိုသူ၊ ကလေးများကို ဒေသိယကဗျာများ သင်ပြလိုသူများအတွက် သင့်လျော်မည့် စာအုပ်လေးပင်ဖြစ်ပါ၏။

ဒီမှတဆင့် ဝယ်ယူလို့ရပါတယ်။

💬 Messenger: m.me/tanintharyigallery

📱Telegram : https://t.me/tgallery23

ချစ်ခြင်းအားဖြင့်

Tanintharyi Gallery