“တနင်္သာရီဒေသ ဒေသိယတေးကဗျာများ စာအုပ် ” Ebookကို စတင် ရောင်းချပါမယ်။

March 18, 2026,

Tanintharyi Gallery

လာမည့် မတ်လ ၂၁ ရက်နေ့ World Poetry Day ( ကမ္ဘာ့ကဗျာနေ့ ) တွင် “တနင်္သာရီဒေသ ဒေသိယတေးကဗျာများ စာအုပ် ” Ebookကို စတင် ရောင်းချပါမယ်။

ဒီစာအုပ်က တနင်္သာရီဒေသမှာ ပထမဆုံးထွက်ရှိလာတဲ့ ဒေသိယ တေးကဗျာ စာအုပ် ဖြစ်နိုင်ပါတယ်။ ဒေသိယတေးကဗျာ စိတ်ဝင်းစားကြသူများ၊ ဒေသအရေးစိတ်ဝင်စားကြသူများ၊ တေးကဗျာ ချစ်မြတ်နိုးကြသူများ နဲ့ ဒေသသူ ​ဒေသသားများအနေဖြင့် လက်မလွတ်ပဲ ဝယ်ယူသင့်တဲ့ စာအုပ် တစ်အုပ်လည်း ဖြစ်ပါတယ်။

ဒီစာအုပ်ကို Ebook အဖြစ် စတင်ရောင်းချပါမယ်။ Ebook ရောင်းရငွေကို မတည်ပြီး စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေမှာဖြစ်ပါတယ်။ စာအုပ်ထွက်ရှိလာတဲ့အချိန်မှာ Ebook ဝယ်ယူထားသူများကို ပြန်လည်ပေးပို့ သွားပါမည်။

ရရှိလာတဲ့ ဝင်ငွေတွေကို Tanintharyi Gallery ရဲ့ ရန်ပုံငွေအဖြင့်လည်း အသုံးပြုမှာ ဖြစ်ပါတယ်။

စာအုပ်တွင် ကဗျာ (၇၈) ပုဒ် ပါရှိပြီး ကဗျာရေးသားသူ ၈ ဦးက ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

နောင်တစ်ချိန် တနင်္သာရီဒေသ သမိုင်းအတွက် တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်မယ့် ဒေသိယစကား ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးငြင်းခုံနိုင်ကြရန် ရည်ရွယ်ပြီး ထုတ်ဝေခြင်း ဖြစ်ပါတယ်။

ချစ်ခြင်းအားဖြင့်

Tanintharyi Gallery