ဒေဝေါဂီး
ပ္လေး ခ္လ ပ္လေး ခ္လ
လွှမ့်ခ္လဂေ့
ဒေဝေါ လာဗီဝှေ့။
ထီးပါဘဲရာ
ဗြန်းဗြန်းပ္လေး
မိုးခိုဇာရှာဝေး။
သယ်မာဒေဝေါ
ကြမ်းဗြင်းဇ
မှောတ်ဆောန်းဟှိလည်း
မကောင်ဟှ
အဲယောန်း နလည်း မ္ရ
ထီးကီးဂီးရှေ့မှ။
ဧသင် (ခေတ္တ-ဟွေး) (၆ မတ်လ-၂၀၂၆)
ဒေဝေါကြီးလာပြီ။ မိုးဒေဝါ လာပြီမို့ ထီးမပါသော သူတို့ မိုးလွတ်ရာပြေးကြ။ အမြန်ဆုံး မိုးခိုရာ နေရာ ရှာကြ။ သည်ဒေဝေါမိုးက ကြမ်းပြင်းသမို့ ခမောက်ဆောင်း၍လည်း မလုံ၊ ပက္ကလာလည်း အဆင်မပြေပါ။ ထီးကြီး ထီးခိုင်ခိုင် ရှိမှသာပါပဲ။ ငယ်ငယ်က မိုးထဲလေထဲ မိုးလွတ်အောင်ပြေး၊ ခမောက်လေးနှင့်မိုးကို အံတု၍ ရွှဲရွှဲစိုခဲ့ရသော နေ့ရက်များကို လွမ်းရသဖြင့် ဤကဗျာကို ဖန်တီးဖြစ်ခဲ့ပါ၏။ ပက္ကလာကို ခေါ်သော ထားဝယ် အသုံးတခုကိုလည်း ထည့်ထားလိုက်ပါ၏။




