က္လောန်းမုဖိုး
နို့ငယ်းငယ်ဟှ
ငါးဗြားဆယ်ဗြား
မူးဝါး မတ်ဟှား
က္လောန်းတတ်မုဖိုးရ။
ဝယ်ဇားဇာဟှ
ဂါးဂျိုး၊ မုခွီ
လက်ကောန့်၊ မုဆီ
က္လည်မှောန်း၊ ဟန်းခါး
လတ်လောက်မုလေရ။
မှန်းဘောင်းထည့်ဆောန်
ငယ်ဂျင်းလေန
စားဇာစောင်ဇ
ဝီဇား မျှဇားရ။
မုဖိုးပဲဖိုး
ဘောင်ဟှီးမှေ့လည်း
က္လောန်းမာ နို့ဗိုက်ဝ။
ဧသင် (ခေတ္တ ဟွေး) (၂ ဖေဖော်ဝါရီ ၂၀၂၆)
ကျောင်းမုန့်ဖိုး။ တို့များငယ်ငယ်က ငါးပြား ဆယ်ပြား တမူးတမတ် ကျောင်းသွား မုန့်ဖိုးရပါရဲ့။ ဝယ်စား စရာကလည်း ဒေသထွက်သကြားလုံး၊ စာလေးခွေ၊ မုန့်လက်ကောက်၊ မုန့်ဆီကြော်၊ ကောက်ညှင်းကျည်တောက်၊ မုန့်ဟင်းခါး စတဲ့ ရိုးရာ မုန့်ကလေးတွေပါပဲ။ ထမင်းဘူး ထည့်သွားရင်လည်း သူငယ်ချင်းများနဲ့ စားစရာအစုံ ဝေမျှစားသောက် ကြရပါတယ်။ မုန့်ဖိုး ပဲဖိုး များများ စားစားမရ မရှိသော်လည်း ကျောင်းတွင် ဗိုက်ပြည့်ခဲ့သော အတိတ်ကာလများပါပေ။




