မီးတောန်ဒဲ
ဖ္လူ ဖ္လူ ဖ္လာ ဖ္လာ
မွီးသောက်သောက်
တောန်ဒဲ လှောက်တောက်တောက်။
မိုးဦးက္လခီ ပေါဆိုးဂီး
ဟို့နား သယ်နား တောန်ဒဲမွီး။
ကြောန့်ဇာကောန်းဇ
မီးတောန်ဒဲ
သွားရှောက်ကေ့နကွယ်း။
တောန်ဒဲ မွီးစူး
ယားဆိုးဇ
ဖြောန့်ရခတ်ဇ ကောက်မဝ။
ဧသင် (ခေတ္တ ဟွေး) (၁၅ ဇန္နဝါရီလ ၂၆)
သည်ကဗျာက ကလေးတွေအတွက် ရည်ရွယ်ပါသည်။
ခူယားဟု လူသိများလှသော အကောင်လေးများကို ထားဝယ်အရပ်၌ တောန်ဒဲ ဟု ခေါ်ပါ၏။ ထိုအကောင်လေးများသည် မိုးရာသီတွင် ပေါ်လာတတ်သည်။
အမွှေးဖွားဖွားနှင့်ကိုင်လျှင် ထိမိလျှင် ယားတတ်၏။ တလှုပ်လှုပ်နှင့် တရွေ့ရွေ့ သွားနေတတ်သော အကောင်ကလေးပင် ဖြစ်သည်။ ကြောက်တတ်သူများအဖို့ ကြောက်စရာ အကောင်ကလေးများလည်းဖြစ်သလို သွားကိုင်မိလျှင် အလွန်ယားတတ်သဖြင့် သွားမထိကြရန် ကလေးများကို တိုက်တွန်းထားပါ၏။




