သန်းဂြန်က္လ
ဂြန်မိုးဝါဗီ
ဒေါန့်ပန်းထီ
သယ်ခါကာလ
သန်းဂြန်က္လ။
မ္လေဇာ ဗြေ အောင်း
ဝမ့်လှ ဆင်
ဂြန်ဇာဟောန
တာအိုးပြင်
တာသတ်နေ့နံ
လှူဇားရှင်။
ရေးဇီမှန်းနာ့
ငါး ရှစ် ခြော်
ဗောန်းထောက်၊ ဂြုခြောန့်
လှူဂဲ့မ္လော်။
ကာလ ဂြန်ခီ
ရေပတ်ဂဲ့
သားဂန်းဂြန်ဆို
ရစ်စောကွဲ့။
ဒုလ္လဘ ဝတ်
သန်ဂန်း စဲ
ဂြန်က္လ ကုသိုလ်
လောက်ခီကွယ်း။
ဧသင် ဟွေး (၁၀ ဇန္န ၂၆)
ထားဝယ်သင်္ကြန်ကာလကို ခြယ်မှုန်းထားကြည့်ပါတယ်။ အဓိကအားဖြင့် သင်္ကြန်ရဲ့ ပိတောက်၊ အတာအိုးပြင်တဲ့ ဓလေ့၊ သင်္ကြန်ထမင်း ရာသီစာ၊ ကလေးသင်္ကြန်နဲ့ ဒုလ္လဘဝတ်ကြတာကို ဖွဲ့ထားပါတယ်။ ထားဝယ်ရဲ့ ကလေးသင်္ကြန်ဟာ ပုံမှန်သင်္ကြန်ရက်ထက် စောပြီးကျလေ့ ရှိသလို ပျော်စရာ အလေ့အထတခုလည်း ဖြစ်ပါတယ်။ ထားဝယ်သင်္ကြန်ရဲ့ အငွေ့အသက်လေးတွေ ဖမ်းဆုပ်နိုင်ဖို့ ကဗျာနဲ့ အားထုတ်ကြည့်လိုက်ပါတယ်။




