ခီခါပန်း
နွီတရစ်မာ
ပွမ့်ခွမ့်သာဟှယ်
ဝါးဝါ ဝမ်းဝမ်း
ငုဝါပန်း။
နှစ်ပ္လောန်းဂြန်ခါ
ထီခွမ့်သာဟှယ်
နံ့မွှီးရောန်သာ
ဒေါန့်ပန်းဝါ။
မိုးဦးက္လမာ
လန်းခွမ့်သာဟှယ်
ရဲရဲ ထီးထီ
စီပန်းနီ။
ဧသင် (ခေတ္တ-ဟွေး) (၉ မတ်လ-၂၀၂၆)
ချိန်ခါလိုက်၍ပွင့်သောပန်းတို့။ နွေတရက်မှာပွင့်ခွင့်သာသည့် ငုဝါသည် ဝါဝင်းလျက်။ သင်္ကြန်နှစ်ကူး၌ ပွင့်လန်းသော ပိတောက်ပန်းလည်း မွှေးကြူစွာ အဆင်းဝါထိန်လျက်။ မိုးဦးသို့ကူးစတွင် လန်းရွှင်တတ်သည့် စိန်ပန်းတို့သည်လည်း ရဲရဲ နီစွေးလျက်။




