ဒေါန့်ထီဂြန်

April 6, 2026,

ဧသင်

ဂူးလကူးဗီ

သန်းဂြန်ခီ

ဂြန်မိုးဟှားနာ့

ဒေါန့်ပန်းထီ။

မွှီးအေးအေးနာ့

ဝါးဝါဝမ်း

ဒေါန့်ပန်းနံ့မွှီး

သန်းဂြန်ဒွမ်း။

ဒေါန့်ပန်းပန်ဗီ

ဂြန်က္လခီ

ဝယ်ရားခေါန်းမာ

ဒေါန့်ခတ်သီ။

ငွေဖ္လား ရွှေဒေါန့်

ဂြန်ရေဖြန်း

တာကူးနှစ်သစ်

ဒေါန့်ထီလန်း။

ဧသင် ခေတ္တ ဟွေး (၂၃ မတ် ၂၀၂၆)

ပိတောက်ထိန်သော သင်္ကြန်။ တန်ခူးလသို့ကူးပြီမို့ သင်္ကြန်ကာလ ရောက်လေပြန်ပါပြီ။

သင်္ကြန်မိုးကလေး ပက်ဖျန်းဖြင့် ပိတောက်တို့ ထိန်ထိန်ပွင့်ပေပြီ။ သင်္ကြန်သည် ပိတောက်တို့၏ အေးမြသော ရနံ့မွှေးမွှေး၊ အဆင်းငြိမ့်ငြိမ့် တို့ဖြင့် လှလွန်း၏။ ပိတောက်ကို အမြတ်တနိုး ပန်ဆင်ကြရာ အချိန်အခါမို့ မိန်းမသားတို့ ကေသာဝယ် ပိတောက်ခက်များဖြင့် ထိုးသီအလှဆင်ကြပေသည်။

ငွေဖလားတွင်း ပိတောက်ရွှေဝါခက်များနှင့် သင်္ကြန်ရေ ပက်ဖျန်းကြခြင်းသည်ပင် နှစ်သစ်ကူးသော အတာ၊ ပိတောက်တို့ ထိန်လင်းဖူးပွင့်သော အခါပင်ဖြစ်ပါ၏။