မုအောင်းဟှား

April 8, 2026,

ဧသင်

လောင်းမယ် လောင်းမယ်

မုအောင်းဟှား

ရေဗူဆူဇေဟှား။

ညစ်ခဲ ကြံဂါ

ညှပ်ခ္လဂဲ့

ထည့်လောင်းရအောန်ကွဲ့။

အောင်းသီးများများ

ခြစ်ခ္လဟှား

အောင်းလတ်ဖျင်ဗီး

မုထိုးဇား။

ပေါ်ဒတ်လာမှ

မုအောင်းဆယ်

ချစ်ချင်းစားနာ့

လျှာစစ်မယ်။

အောင်းဖတ် ညစ်ခဲ

ရားသာရှိ

မုအောင်းစားရဆိ။

ကံနိလူထိ

ဂျုသီးဝါး

စပ်ဆိုးဇာ့မား

မုအောင်းဟှား။

ဧသင် (ခေတ္တ-ဟွေး) (၆ မတ်လ-၂၀၂၆)

သင်္ကြန်နှင့်မုန့်လုံးရေပေါ်သည် တွဲစပ်နေသည်။ မုန့်လုံးရေပေါ်ကို ရာသီမရွေးလုပ်စားကြလေ့ ရှိသော်လည်း အထူးသဖြင့် အတာကူးနှစ်သစ်ပွဲတော်ရာသီတွင် ဤမုန့်ကို သင်္ကြန်သီချင်းများတွင် ထည့်စပ်ဆိုသည်အထိ တွဲ၍ သိကြသည်။

မုန့်လုံးရေပေါ်လုံးဖို့ ရေအိုးကြီးဆူအောင်တည်၊ ထန်းလျက်တို့ ကြံသကာတို့ ကြိုက်ရာ ညှပ်၊ ထည့်လုံးမယ်၊ အုန်းသီးလေကိုလည်း ခြစ်ထား၊ အုန်းလက် အုန်းကြောကလေးကိုလည်း မုန့်ထိုးလို့ရအောင် လုပ်ထား၊ မုန့်လုံးလေး ရေပေါ်လာမှ ဆယ်၊ ဆယ်ပြီး ချက်ချင်းမစားလေနဲ့ လျှာကျက်မယ်၊ မုန့်သားရယ် အတွင်းက ထန်းလျက်အရသာနဲ့ ခြစ်ထားတဲ့ အုန်းဖတ်ကလေးရဲ့ အရသာပေါင်းစပ်လိုက်တော့ အလွန် အရသာရှိပါရဲ့၊ ကံဆိုးသူတို့ဖြင့် မုန့်လုံးထဲ ထန်းလျက် မပါဘဲ ငရုပ်သီးစပ်စပ်တွေပဲ ပါတတ်လို့ အလွန်စပ်တဲ့ မုန့်လုံးရေပေါ်ကို ဝါးမိပေမပေါ့။