ထားဝယ်တေးကဗျာ ရွတ်ဆို ပြိုင်ပွဲ
ရည်ရွယ်ချက်
ထားဝယ်သူ၊ သားတို့၏ အမှတ်သရုပ်လက္ခဏာနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
ပြိုင်ပွဲ၀င်ရမည့် ပုံစံ
Tanintharyi Gallery မှာ ဖော်ပြထားသည့် ထားဝယ်တေးကဗျာများကို ရွတ်ဆိုထားသည့် ဗီဒီယိုများကို ပေးပို့ပြီး ယှဉ်ပြိုင်ရမည်။
၁။ ပြိုင်ပွဲ အစီအစဥ်
ပြိုင်ပွဲ၀င်မည့်သူသည် ပြိုင်ပွဲဗီဒီယို မပေးပို့မီ အောက်ပါ အချက်အလက်များကို ဒီဇင်ဘာလ (၃၁) ရက် နောက်ဆုံးထားပြီး တယ်လီဂရမ် (Telegram) မှတဆင့် ပေးပို့ စာရင်းသွင်းရမည်။
ပြိုင်ပွဲ၀င်များစာရင်း
ထားဝယ်တေးကဗျာ ရွတ်ဆို ပြိုင်ပွဲဝင်များစာရင်း အသိပေးခြင်း
ပြိုင်ပွဲဝင်ဗီဒီယို ၁၆ ခုရှိပါသည်။ ထိုစာရင်းကို ဖော်ပြပေးလိုက်ပါသည်။
ပြိုင်ပွဲ၀င်ဗီဒီယိုများကို ဇန်နဝါရီလ ၃ ရက်နေ့မှစပြီး တစ်ရက်ကို တစ်ပုဒ်နှုန်းဖြင့်ဖော်ပြပါမည်။ မနက်ပိုင်း ၇း၃၀ နာရီ (ထိုင်းအချိန်) မှာ Tanintharyi Gallery Facebook တွင် ဖော်ပြပါမည်။
ပြိုင်ပွဲ၀င်ဗီဒီယိုများကို ပြိုင်ပွဲ စည်းကမ်း သတ်မှတ်ချက်များကြေညာထားသည့်အတိုင်း ဦးဆုံးပေးပို့သည့် ဗီဒီယိုကို အရင်ဆုံး ဖော်ပြပါမည်။
နောက်ဆုံး ပြိုင်ပွဲဝင် ဗီဒီယိုဖော်ပြပြီး (၇) ရက် အကြာမှာ “View” ရေတွက်ပါမည်။
ပြိုင်ပွဲဆုချီးမြှင့်ငွေအတွက် ထောက်ပံ့သူ ဖိတ်ခေါ်ခြင်း
ထားဝယ်တေးကဗျာ ရွတ်ဆို ပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုငွေများအတွက် ထောက်ပံ့မည့်သူများကို ဖိတ်ခေါ်လိုပါသည်။
ထောက်ပံ့သည့်သူများကို အောက်ပါအတိုင်း အသိအမှတ်ပြု မှတ်တမ်းတင်ပါမည်။
၁) ပြိုင်ပွဲဗီဒီယိုများတင်သည့် ပို့စ်တွင် ထောက်ပံ့သူ/ ထောက်ပံ့သည့် အဖွဲ့အစည်း၏ အမည်ထည့်သွင်းခြင်း။
၂) ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း။
၃) ဆုရဗီဒီယို ထုတ်ပြန်သည့်အခါ ထောက်ပံသည့်ဆုအမျိုးအစားအလိုက် ဆုရဗီဒီယိုများတွင် ထောက်ပံ့သူ/အဖွဲ့အမည်ကို ထည့်သွင်းခြင်း။
📌ထောက်ပံ့ရန် ဆက်သွယ်ရမည့် တယ်လီဂရမ် (Telegram)
Telegram No - +95 9795392664
Telegram Lnk - https://t.me/tgallery23
ဆုရသူများ
ထားဝယ်တေးကဗျာ ရွတ်ဆို ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
ပြိုင်ပွဲစည်းကမ်း သတ်မှတ်ချက်အရ ပြိုင်ပွဲ၀င် ဗီဒီယို စုစုပေါင်း “View” ကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီ (ထိုင်းအချိန်)တွင် တွက်ချက်ပြီး ဆုရွှေးချယ်လိုက်ပါသည်။
ဆုရရှိသူများ အားလုံးကို ဂုဏ်ယူပါသည်။ နောက်ထပ်ပြိုင်ပွဲများတွင် ပြန်လည်ဆုံတွေ့နိုင်မည်ဟု မျှော်လင့်ပါသည်။
တစ်ဦးချင်းစီရဲ့ ပြိုင်ပွဲဝင် ဗီဒီယို စုစုပေါင်း “View” ကို ကွန်မန်းတွင် ဖော်ပြထားပါသည်။
