ရေးဇီမှန်း

April 13, 2026,

Tanintharyi Gallery

“ရေးဇီမှန်း ” ထား၀ယ်သီချင်းကို စာတန်းထိုးနဲ့ တင်ဆက်လိုက်ပါတယ်။

မူရင်း တေးရေးသူရဲ့ ထား၀ယ်စာ အရေးအသား မဟုတ်ပါဘူး။ ထား၀ယ်စာနဲ့ ပတ်သတ်ပြီး ဆွေးနွေးငြင်းခုန်လာကြဖို့ ရည်ရွယ်ဖော်ပြတာ ဖြစ်ပါတယ်။

တေးရေးကတော့ ဆရာ ဦးကိုကိုကြီးလို့သိထားရပြီး တေးဆိုတွေ့နဲ့ သီချင်းရဲ့ နောက်ခံ အကြောင်းရာတွေကိုလည်း မှတ်ချက်ပြု ဝင်ရောက်ဆွေးနွေးပေးကြပါဦး ။

ရေးဇီမှန်း

April 12, 2026,

Tanintharyi Gallery

” ရေးဇီမှန်း ” သီချင်းစာသားကို ဖော်ပြလိုက်ပါတယ်။ မူရင်း တေးရေးသူရဲ့ ထား၀ယ်စာ အရေးအသား မဟုတ်ပါ။ ထား၀ယ်စာနဲ့ ပတ်သတ်ပြီး ဆွေးနွေးငြင်းခုန်လာကြဖို့ ရည်ရွယ်ဖော်ပြတာ ဖြစ်ပါတယ်။

တေးရေးကတော့ ဆရာ ဦးကိုကိုကြီးလို့သိထားရပြီး တေးဆိုတွေ့နဲ့ သီချင်းရဲ့ နောက်ခံ အကြောင်းရာတွေကိုလည်း မှတ်ချက်ပြု ဝင်ရောက်ဆွေးနွေးပေးကြပါဦး။

သီချင်း နားဆင်ရန် >>> https://youtu.be/fAuApeTYXlo

ဗြန်းဗြန်ဖြေ 

December 17, 2025,

ဗြန်းဗြန်ဖြေ

December 13, 2025,

ဘေးရွှန်

ချင်းရေး/ ချင်းဆိုမား- ဘေးရွှန်

Songwriter/ Vocalist – Bay Shon

ဂီတာ – Salmine (The Holiday Music Band )

Guitar – Salmine (The Holiday Music Band )

ဒရမ် – Patten (LwanAein)

Drum – Patten (LwanAein)

သံသွမ်း – WHAT REC Production

Studio – WHAT REC Production

သံပေါန်းစပ်၊ ချောသပ် – LwanAein

Mixing & Mastering – LwanAein

ပုံဆွဲ / ချင်း စာသား ဗီဒီယို – Creative House

Graphic / Lyrics Video – Creative House

မူပိုင်ခွင့် – ဘေးရွှန်

Copyright – Bay Shon

ဖြန့်၀ီ – တနင်္သာရီ ပြခန်း

Distribution – Tanintharyi Gallery

ဟှားဖြစ်ဂျော့နူး သီချင်းစာသား နဲ့ ကော့ဒ်

November 18, 2025,

ဟှားဖြစ်ဂျော့နူး သီချင်းပဲ့ကိုင်ရှင် တေးရေး၊ တေးဆို ဘေးရွှန်ရဲ့ လက်ရေးမူ စာသား နဲ့ ကော့ဒ်ကို မျှဝေပေးလိုက်ပါတယ်။

ဟှားဖြစ်ဂျော့နူး

November 15, 2025,

ဘေးရွှန်

ချင်းရေး/ ချင်းဆိုမား- ဘေးရွှန်

Songwriter/ Vocalist – Bay Shon

ဂီတာ – စယ်မိုင်း (The Holiday)

Guitar – စယ်မိုင်း (The Holiday)

ဘေ့စ်ဂီတာ – အာကာကျော် (The Holiday)

Bass – Arkar Kyaw (The Holiday)

ဒရမ် – Patten (LwanAein)

Drum – Patten (LwanAein)

သံသွမ်း – WHAT REC Production

Studio – WHAT REC Production

သံပေါန်းစပ်၊ ချောသပ် – LwanAein

Mixing & Mastering – LwanAein

ပုံဆွဲ / ချင်း စာသား ဗီဒီယို – Creative House

Graphic / Lyrics Video – Creative House

မူပိုင်ခွင့် – ဘေးရွှန်

Copyright – Bay Shon

ဖြန့်၀ီ – တနင်္သာရီ ပြခန်း

Distribution – Tanintharyi Gallery

ထားဝယ်သီချင်းဘဏ်တိုက် အစီအစဉ်ကနေ ပထမဆုံး သီချင်း

November 13, 2025,

Tanintharyi Gallery

ထားဝယ်သီချင်းဘဏ်တိုက် အစီအစဉ်ကနေ ပထမဆုံး သီချင်းကို မကြာမီမှာ တင်ဆက်ပါမယ်။

တေးရေး/ တေးဆို – ဘေးရွှန် ရဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

ထားဝယ်သီချင်းဘဏ်တိုက် အစီအစဉ်က ပြန့်ကျဲနေတဲ့ ထား၀ယ်သီချင်းတွေကို တစုတစည်းတည်း စုစည်းနိုင်ဖို့နဲ့ ထား၀ယ်သီချင်းဖန်တီးသူတွေ အချင်းချင်းကြား စုစည်းလုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

ကိုလေးတို့မောင်းမကန်

April 13, 2025,

Tanintharyi Gallery

တနင်္သာရီဒေသအကြောင်းကို အထူးပြုရေးထားတဲ့ သီချင်းတစ်ပုဒ်ကို ဖော်ပြလိုက်ပါတယ်။ သီချင်းက တေးရေး တက္ကသိုလ်တင်ထွဋ် ရေးထားတဲ့ “ ကိုလေးတို့မောင်းမကန် “ ဖြစ်ပါတယ်။

ကိုလေးတို့မောင်းမကန်

တေးရေး- တက္ကသိုလ်တင်ထွဋ်

[ (ရှုမျှော်လို့မဆုံးပြီ၊ ရေဝေကုန်းတန်းတလျှောက်ဆီ၊ ကျောက်ဆောင်ကျောက်ကမ္ဘားများနဲ့ သောင်ကမ်းသွယ်သွယ်ညီ၊ မိုးပြာနောက်ခံပန်းချီ၊ စိမ်းလဲ့လဲ့မြသားပင်လယ်ဆီ၊ ဝိုင်းစက်ပွတ်ဟန်ပွားတဲ့၊ လှိုင်းကြက်ခွပ်သံများနဲ့၊ သဘာဝရဲ့ရှုခင်းစုံညီ၊ ကိုလေးတို့မောင်းမကန်သောင်ခြေဆီ)၂

(ထင်းရူးတောတန်းပြောမခန်းတဲ့ ကမ်းခြေ တလျှောက်ညီ၊ စီရရီသွယ်တန်းလျက် တဘက်ကမ်းမှာအလီလီ၊ ဖွေးဖွေးလွလွသလဲဖြူဝါနီ)၂

အတန်းကလေးတွေညီ၊ စခန်းမဝေးလေပြီ၊ ဘုတ်ကျွန်းသို့သာမျှော်ပါလို့ရည် ….. (ကိုလေးတို့မောင်းမကန်ဆီ၊ အစဉ်ကြည်နူးစိတ်ဘဝင်မြူးစရာထူးဆန်းလှပါသည်၊ အဏ္ဏဝါရေပြင်တွင်း လှေငယ်တစင်းပိုက်သွင်းကွန်လွှာညီ၊ ဝမ်းစာရေး မအေးရရှာသူတလီ၊ စခန်းသာကလေးပြေးကာတူညီ) ]၂ …. ။

ဒီသီချင်းကို အနုပညာရှင်တွေ များပြားသီဆိုထားတာတွေရပါတယ်။ အဲဒီထဲမှာ လက်လှမ်းမှီသမျှကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်း တိတ်ခွေမျက်နှာဖုံးပုံတွေနဲ့ တေးသီချင်းတွေကို ရှာဖွေပေါင်းစပ်ပြီး ဖော်ပြလိုက်ပါတယ်။

မောင်ကြည်တိုး (Audio) > https://youtu.be/WXVYUxe9GXo

မောင်ကြည်တိုး (MTV) > https://youtu.be/kaGs7YTIKDA

မာမာအေး > https://youtu.be/ICAFMMgQlWI

ကိုင်ဇာ > https://youtu.be/aZzqjlLJ-48

ပိုးအိစံ > https://youtu.be/VMVPgX1JiHk

စိုင်းခမ်းခုံး > https://youtu.be/0B17c5GOgaQ

နှင်းနှင်းကြည်တိုး ( မောင်ကြည်တိုး ရဲ့ သမီး ) > https://youtu.be/OGPIgrh9Z78

တနင်္သာရီဒေသနဲ့ ပက်သက်ပြီး သီဆိုဖော်ကြူးထားတဲ့ သီချင်းတွေရှိရင် Tanintharyi Gallery စာမျက်နှာရဲ့ 𝘾𝙤𝙢𝙢𝙚𝙣𝙩 𝘽𝙤𝙭 မှာ ဝင်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါရစေ။

နောက်ထပ်လည်း Tanintharyi Gallery မှတစ်ဆင့် တနင်္သာရီတိုင်းရဲ့ မှတ်တမ်းမှတ်ရာတွေကို ဆက်လက်ဖော်ပြပါမည်။

* တင်ဆက်ထားတဲ့ ဗွီဒီယို ကတော့ တက္ကသိုလ်တင်ထွဋ် ရေးထားပြီး မောင်ကြည်တိုး သီဆိုထားတဲ့ “ ကိုလေးတို့မောင်းမကန် ” မူရင်း 𝐌𝐮𝐬𝐢𝐜 𝐕𝐢𝐝𝐞𝐨 ဖြစ်ပါတယ်။

ရဟယ်ရှင်

December 27, 2024,

Tanintharyi Gallery

“ရဟယ်ရှင်” သီချင်းစာသားကို ဖော်ပြလိုက်ပါတယ်။ မူရင်း တေးရေးသူရဲ့ အရေးအသား မဟုတ်ပါဘူး။ ထား၀ယ်စာ အရေးအသားနဲ့ ပတ်သတ်ပြီး ဆွေးနွေးငြင်းခုန်လာကြဖို့ ရည်ရွယ်ဖော်ပြတာ ဖြစ်ပါတယ်။

“ရဟယ်ရှင်” သီချင်းကို နားဆင်းပြီ အကြောင်းအရာ အရေးသားတွေနဲ့ ပက်သက်ပြီး ဆွေးနွေးငြင်းခုန်ချက်တွေကို စောင့်မျှော်နေပါတယ်။