ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲ
ရည်ရွယ်ချက်
တနင်္သာရီဒေသရှိ မြို့/ရွာဒေသအလိုက် ကွဲပြားစုံလင်သည့် အစားအသောက် ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် ဖြစ်သည်။
ပြိုင်ပွဲအကြောင်းအရာ
စားစရာ အမျိုးအစား - ငပိအခြေခံ စားစရာ
ငပိသုပ်၊ ငပိဖုတ်ဆီဆမ်း၊ ငပိထောင်း၊ ငပိထမင်းနယ်၊ ငပိထမင်းကြော် စသည်ဖြင့် ငပိကို အခြေခံထားပြီး မိမိဒေသမှာ တွင်ကျယ်စွာ စားသောက်ကြလေ့ရှိသည့် မည်သည့်စားစရာကို မဆို ချက်ပြုတ်ပြီး ပြိုင်ပွဲ၀င်နိုင်သည်။
ပြိုင်ပွဲ၀င်ရမည့် ပုံစံ - အထက်ပါ ငပိအခြေခံ စားစရာ ချက်ပြုတ်ပုံအဆင့်ဆင့်ကို ဗီဒီယို ရိုက်ကူးပေးပို့ရမည်။
ပြိုင်ပွဲ၀င်စာရင်း
ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲဝင်များစာရင်း အသိပေးခြင်း
ပြိုင်ပွဲဝင်ရောက်သူ ၁၀ ဦးရှိပါသည်။ ထိုစာရင်းကို ဖော်ပြပေးလိုက်ပါသည်။
ပြိုင်ပွဲ၀င်ဗီဒီယိုများကို မေလ ၁ ရက်နေ့မှစပြီး တစ်ရက်ကို တစ်ပုဒ်နှုန်းဖြင့်ဖော်ပြပါမည်။ မနက်ပိုင်း ၈ နာရီ(ထိုင်းအချိန်) မှာ Tanintharyi Gallery Facebook တွင် ဖော်ပြပါမည်။
ပြိုင်ပွဲ၀င်ဗီဒီယိုများကို ပြိုင်ပွဲ စည်းကမ်း သတ်မှတ်ချက်များကြေညာထားသည့်အတိုင်း ဦးဆုံးပေးပို့သည့် ဗီဒီယိုကို အရင်ဆုံး ဖော်ပြပါမည်။
ပြိုင်ပွဲ၀င် ဗီဒီယိုများ စုစုပေါင်း “View” ကို မေလ ၃၁ ရက်နေ့ ၊ ညနေ ၅ နာရီ (ထိုင်းအချိန်) တွင် တွက်ချက်ပါမည်။
ဆုရရှိသူများစာရင်းကို ဇွန်လ ၈ ရက်နေ့တွင် ကြေညာမည်။
ဆုရရှိသူများ စာရင်း
ငပိအခြေခံ စားစရာချက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
ပြိုင်ပွဲစည်းကမ်း သတ်မှတ်ချက်အရ ပြိုင်ပွဲ၀င် ဗီဒီယို စုစုပေါင်း “View” ကို မေလ ၃၁ ရက်နေ့၊ ညနေ ၅ နာရီ (ထိုင်းအချိန်)တွင် တွက်ချက်ပြီး ဆုရွှေးချယ်လိုက်ပါသည်။
ဆုရရှိသူများစာရင်း
ပထမဆု - သင်္ဘောသီး မရမ်းပြား ငပိသုပ် ( မွှေစိန်မများ)
ဒုတိယဆု - ဇင်းသီးလောင်းစီ ပိထောနယ်န ရှုပ်ဟမ်းရှိုး ( ဆွေ)
တတိယဆု - ငါးခူတပေသီးငပိချက် (ဆန်းသူရိန်)
နှစ်သိမ့် ၁ - သစ်တိုသီး ငပိကြော်နှင့် သီးစုံသနပ် ( ကိုစည်)
နှစ်သိမ့် ၂ - ငပိထောင်းနဲ့ ချဉ်ပေါင်ပန်းကျို (အောင်ကျော်သက်)
နှစ်သိမ့် ၃ - ငပိထောင်း
ဆုရရှိသူများ အားလုံးကို ဂုဏ်ယူပါသည်။ နောက်ထပ်ပြိုင်ပွဲများတွင် ပြန်လည်ဆုံတွေ့နိုင်မည်ဟု မျှော်လင့်ပါသည်။
တစ်ဦးချင်းစီရဲ့ ပြိုင်ပွဲဝင် ဗီဒီယို စုစုပေါင်း “View” ကို ကွန်မန်းတွင် ဖော်ပြထားပါသည်။
