၁၉ ရာစု ကျောက်စာနှင့် ခေါင်းလောင်းစာများက ပြောသော ပုလောမြို့ အနေအထား

July 10, 2026,

ထာနေစိုး

မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီကမ်းရိုးတန်းရှိ ပုလောမြို့သည် ကိုလိုနီခေတ်ဦးနှင့် အလယ်ကာလများတွင် ရေကြောင်းကုန်သွယ်ရေးအရ ထူးခြားစွာ တိုးတက်လာခဲ့သည့် ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လာသည်။

ဤဆောင်းပါးသည် ပုလောမြို့ အရှေ့ကျောင်းတိုက်နှင့် မြို့လုံးကျက်သရေစေတီတော်တို့တွင် တည်ရှိသည့် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်း သမိုင်းဝင်ကျောက်စာ၊ ခေါင်းလောင်းစာ၊ ပလ္လင်စာများကို အခြေခံ၍ ထိုခေတ်က ပုလောမြို့၏ ကိုလိုနီခေတ်အုပ်ချုပ်ရေး၊ လူမျိုးစုစုံလင်မှု၊ ရေကြောင်းဆက်သွယ်ရေးနှင့် သာသနာရေးဆိုင်ရာ ဖြစ်တည်မှုများကို ဆန်းစစ်တင်ပြရန် ရည်ရွယ်ပါသည်။