မြိတ်သမိုင်း ထုဆစ်ပုံဖော်သူများ – ဦးကြီးစိန်နှင့် ” တနင်္သာရီတိုင်း မြိတ်ရာဇဝင်တော်ကြီး”

July 24, 2026,

ထာနေစိုး

ဒေသန္တရသမိုင်း (Local History) ကို ပြုစုဖော်ထုတ်ရာတွင် ခေတ်အဆက်ဆက်၌ ကျန်ရစ်ခဲ့သော အထောက်အထားများကို စုဆောင်းညှိနှိုင်း၍ စာပေမှတ်တိုင် စိုက်ထူခဲ့ကြသည့် သမိုင်းပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလှသည်။

မြိတ်-တနင်္သာရီဒေသ၏ သမိုင်းကြောင်းကို လေ့လာလျှင် ကိုလိုနီခေတ်အတွင်း ထွက်ရှိခဲ့သည့် ‘ တနင်္သာရီတိုင်း မြိတ်ရာဇဝင်တော်ကြီး (၁၉၂၉) ’ သည် မရှိမဖြစ် ကိုးကားရသော အခြေခံကျမ်းတစ်စောင် ဖြစ်သည်။

ဤဆောင်းပါးသည် အဆိုပါ ရာဇဝင်ကျမ်းကြီးကို ခဲယဉ်းစွာ ပြုစုအားထုတ်ခဲ့သော သမိုင်းပြုစုသူ ဆရာကြီး ဦးကြီးစိန်၏ ဘဝဖြစ်စဉ်နှင့် ၎င်း၏ သမိုင်းပြုစုမှုဆိုင်ရာ သုတေသနနည်းနာများကို ဆန်းစစ်တင်ပြရန် ရည်ရွယ်ပါသည်။