ထားဝယ်မြို့၊ ရှင်မုတ္တီးရှိ ၁၆ရာစု သူရိယကုမ္မာရှေးဟောင်း မွန် ခေါင်းလောင်းတော်ကြီး

August 6, 2026,

ထာနေစိုး

ထားဝယ်မြို့နယ်၊ ရှင်မုတ္တီးကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ရှင်မုတ္တီးဘုရားကြီးဝင်းအတွင်း တည်ရှိသော “သုရိယကုမ္မာခေါင်းလောင်း” သည် ထားဝယ်ဒေသတွင် ရှာဖွေတွေ့ရှိသမျှသော ခေါင်းလောင်းစာများအနက် ရှေးအကျဆုံးနှင့် သမိုင်းတန်ဖိုး အမြင့်မားဆုံးသော ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်သည်။

အဆိုပါ ခေါင်းလောင်းတော်ကြီးကို လေ့လာခြင်းဖြင့် ၁၆ ရာစုနှောင်းပိုင်း (တောင်ငူခေတ်၊ ဟံသာဝတီခေတ်) ကာလ ထားဝယ်ဒေသ၏ အုပ်ချုပ်ရေး၊ လူမျိုးစုပျံ့နှံ့မှု၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ သမိုင်းကွက်လပ်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။