အိမ်ပြန်လမ်း

March 13, 2025,

Tanintharyi Gallery

မျှော်လင့် အိပ်မက်တွေ ထမ်းပိုးထွက်ခဲ့တာ မဟုတ်

ဒီခရီးက

ကိုယ့်အနာဂတ်ကိုယ် ဝှက်

မှီရာကားနဲ့ ထွက်ခဲ့ရတာ။

နှောင်ကြိုးတွေနဲ့ ယက်ထားတဲ့ အိမ်ကလေး

တောင်ငွေ့

ဆားနံ့

ပင်လယ် “ဟီ ”သံ

အကုန်ချန်ခဲ့ရပေမယ့် တခုမှ ကျန်မနေခဲ့ဘူး။

မထွက်လာခင်ကတည်းက လွမ်း‌တယ်

မထွက်လာခင်ကတည်းက ပြန်မယ့်ရက် တွက်တယ်။

အီပ္လန်လမ်း ( ထားဝယ်ဘာသာ)

အိမက်လေ ထမ်းဘိုး ထွမ့်လာဟီမှု့၀။

အယ်ခရီးဟှ

ကိုယ့်နာဂတ်ဟို ကိုယ့်၀ှမ့်

မှီဟီကားန ထွမ့်လာရာဇာ။

နှောန်ဂြိုးလေန ယစ်ဟှား အီ

တောန်ငွေ့

ဆားနံ့

ပန်လယ်”ဟီ”သံ

ဂူလုံး ထားရစ်ရဇာ ခုလဲ ကျန်နေရစ်ဟှ။

ထွမ့်လာခန်ဒဲဟှ လွန်းဟယ်

ထွမ့်လာခန်ဒဲဟှ ပ္လန်ဟို့ရစ် တွမ့်ဟယ်။