လူလယ်ကြစ်ခိုး ကသေတိုး
စင်းက္လောန်း စင်းက္လောန်း
အီးခလယ် ဝါလယ်ဗိုင်းဟှ
ဖိုးလူလယ်။
အံ့ဇားလိုဒတ် သူ့မျစ်ခွမ့်
ပြောန်း ဗြောန် စပ်စပ်၊ ဆတ်လီးတတ်။
လတ်နှံ့ ခေနှံ့ ဖိုးလူလယ်
ညဉ့်ခန်းဇာမာ ကြစ်ခိုးဟှယ်။
ကြစ်ခိုးဗီးပ္လန် ဝါထိရောန့်
ညောန်ဗန်အော့မာ ကသေခြောန့်။
စိုင်းဒတ်နေအောန် လွှမ့် ခ္လ ပ္လေး
ဗြင်းခေါန်းစီးဝို သူဝဲ့သေး။
ကြစ်ပျောန့်နေမား ရီးအိုဟှား
ကြစ်ခိုးမားဝို ရှာဝို့သွား
မေးဇားစမ်းဇား ဒန်းရဟှား
စစ္က စစ္က နောန်လယ်သား။
သေဖမ်းဇားခံ ဖိုးလူလယ်
မေးမျစမ်းမျ ဖျားနေဟှယ်။
သူ့မိ သူ့ဖ စိပူဆိုး
ဖိုးဖိုးပွဲဆစ်၊ သေမန်းဇာကိုး။
နယ်ဘက် ကျေးလက်မှ ဖြစ်ရပ်များသည် ကဗျာဖွဲ့ချင်စရာပါပဲ။ ထားဝယ်ကဗျာ ရွတ်ဆို စရာကလေးများ များများစားစား ရှိနေစေ့ချင်သည်။
စိတ်ထဲရောက်လာသော ဖြစ်ရပ် ကလေးတခုကို ကဗျာစပ်ဖြစ်သည်။ ရွတ်၍ ကောင်းရန် မှတ်၍ မခက်ရန် နှင့် ထားဝယ်စကား၏ အထင်ကရ အမှတ်အသား ဝေါဟာရများလည်း ပါအောင် ထည့်စပ်လိုက်သည်။
ဦးလယ်သား၏ ဖိုးလူလယ်အကြောင်း။
ရွာလယ်ပိုင်းတွင် နေသော ဖိုးလူလယ်ကား မယ်မယ်ရရ ရည်ရွယ်လုပ်ကိုင်ရာမရှိ ကိုးကျင်းကိုးကြောင်း လျှောက်ကာ အရပ်ထဲ လည်နေသူ။
ပြောရဆိုရမလွယ်သလို အရွဲ့တိုက်တတ်၍ မျက်နှာပေးက ပြောင်စပ်စပ် နှင့် လူဂွစာလို ခွကျကျရယ်။
သူက ခြေဆော့ လက်ဆော့ရှိသူဖြစ်၍ ညဖက်၌ ကြက်ခိုးတော့သည်။ ကြက်ခိုးရာက အပြန်ရွာထိပ်အရောက်တွင် ညောင်ပင်ကြီးအောက်၌ သူ့ကို တစ္ဆေခြောက်တော့၏။
ထိုအခါ ဖနှောင့်နှင့်တင်ပါး တသားတည်း ကျအောင် လျင်စွာ ပြေးရသည်။ သူသည် ကြောက်လွန်းလှ၍ သရဲမရဲစီးသလို စိတ်ခြောက်ခြားရ တော့၏။
ကြက်ပျောက်နေသူ အရီးအိုကား သူ့ကြက်ကို ဘယ်သူခိုးပါလိမ့်ဟု တရားခံရှာရန် ရွာထဲထွက်လာ၏။
မေးရင်းမြန်းရင်း သတင်းရ၊ လက်စသပ်တော့ နောင်လယ်ရဲ့သား ဖြစ်နေသဗျ။
တစ္ဆေပြုစားခံရသော ဖိုးလူလယ်မှာ ဘာမှ မေးမြန်း၍မရဘဲ ကြောက် အဖျားတက်နေတော့သည်။
သူ၏ မိဘများက ထိုအဖြစ်ကို စိတ်ပူကြောင့်ကြကြသဖြင့် ရွာရှင်ဖိုးဖိုးကို ပွဲဆက်တောင်းပန်ကာ တစ္ဆေဖမ်းစားပြုစားခြင်းအတွက်လည်း ခေါစာပစ်ပေးပေ၏။
ကဗျာကားဤ အကြောင်းမျှသာ။ ကဗျာရွတ်ရင်း ကျေးလက်က အဖြစ်အပျက်များ အလွမ်းပြေပါစေ။




