အလွမ်းပြေ
အခြေအနေ အမျိုးမျိုးကြောင့် အဝေးရောက်နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၊ ဒေသသူ/သားတွေ အလွမ်းပြေစေဖို့ ရည်ရွယ်ချက်နဲ့လုပ်မယ့် “အလွမ်းပြေ” အစီအစဥ်မှာ ပါ၀င်ပေးကြဖို့ ဖိတ်ခေါ်ပါရစေ။
ကိုယ့်ရပ်ရွာဒေသက အထင်ကရ နေရာတွေ၊ လည်ပတ်စရာနေရာတွေရဲ့ လက်ရှိ ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ရိုက်ကူးပေးပို့ပြီး ပါ၀င်အားဖြည့်ရမှာ ဖြစ်ပါတယ်။
ပေးပို့တဲ့ ပုံ (သို့) ဗီဒီယိုက ကိုယ်တိုင် ရိုက်ကူးထားတာ ဖြစ်ရပါမယ်။ ပေးပို့တဲ့အခါ ဘယ်နေရာ၊ ဘယ်အချိန် ရိုက်ကူးခဲ့တယ် ဆိုတာကို ဖော်ပြပါ။
ပေးပို့လာတဲ့ ပုံ (သို့) ဗီဒီယိုတွေကို Tanintharyi Gallery ရဲ့ Facebook နဲ့ Youtube မှာ ဖော်ပြပါမယ်။
ဖော်ပြတဲ့အခါ –
• ပေးပို့သူရဲ့ အမည်
• ရိုက်ကူးထားတဲ့ နေရာအမည်
တို့ကို တစ်ချို့အချက်အလက်နှင့်အတူ ဖော်ပြပါမယ်။
ပုံများနှင့် ဗီဒီယိုများကို Tanintharyi Gallery ၏ Telegram မှတစ်ဆင့် ပေးပို့နိုင်ပါသည်။




