တနင်္သာရီမြို့ရှိ ရှေးဟောင်းမြို့ရိုးကြီးများ

March 25, 2025,

ရနောင် (ဒွယ်)

တနင်္သာရီမြို့ဟာ ထူးခြားသလောက်ပဟေဠိလည်းဆန်ပါတယ် ။ ဒီမြို့ကို ဘယ်မင်းက ဘယ်အချိန်မှာတည်ထောင်ခဲ့ပြီး ဘယ်လိုအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသိရဖို့ ရာဇဝင်အကြောင်းအရာတွေကလွဲပြီး ခေတ်ပြိုင်အထောက်ထား အတော်လေး ရှားပါး တယ်လို့ဆိုပါတယ် ။
မြန်မာ့သမိုင်းအလယ်ခေတ်လောက်က တနင်္သာရီမြို့ အခြေအနေ ကိုခေတ်ပြိုင်မှတ်တမ်းတချို့မှာတွေ့နေရပေမယ့် ခေတ်ဦးပိုင်းအထောက်ထားတွေကို မတွေ့ခဲ့ရတာနေမှာပါ ။
ဒါပေမယ့်လည်း ရှေးဟောင်းသုတေသနတူးဖော်မှုအစီရင်ခံစာ ( ၁၉၉၈ – ၁၉၉၉ ) ကတော့ တနင်္သာရီမြို့ရိုးကို အေဒီ ၁၂ / ၁၃ ရာစု ( ပုဂံခေတ် ) လောက်မှာတည်ဆောက်ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ် ။