၂ နှစ်ပြည့် အမှတ်တရ စကား
Tanintharyi Gallery တည်ထောင်ထားတာ ၂ နှစ်ပြည့်ပါပြီ။
တနင်္သာရီဒေသရဲ့ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ ပက်သတ်တဲ့ မှတ်တမ်းမှတ်ရာတွေ ပြုစုမှတ်တမ်းတင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
အဖက်ဖက်မှာ ဝိုင်းဝန်းကူညီပေးကြသူများ ၊ စာမူရေးပေးကြသူများ၊ အချက်အလက်များ ဝေငှပေးကြသူများနှင့် ကာယအား ဉာဏအားဖြင့် ကူညီပေးကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် ရှိပါတယ်။
Tanintharyi Gallery ရဲ့ စာဖတ်သူများ၊ RCS ( Reaction, Comment and Share ) လုပ်ပေးသူများကိုလည်း အထူးကျေးဇူးတင်ပါတယ်။
၂ နှစ်ပြည့် အမှတ်တရ အနေဖြင့် စာဖတ်သူများ၊ RCS လုပ်ကြသူများကို Tanintharyi Gallery ရဲ့ @followers အဖြစ် Invite ပို့ပါရစေ။ ပြန်ပြီးတော့ Like / Follower လုပ်ပေးဖို့ကို မျှော်လင့်ပါတယ်။
ရှေ့ဆက်ပြီးလည်း ဒေသသားတွေရဲ့ ပါ၀င်မှုနဲ့ အကျိုးရှိမယ့် အစီအစဉ်အသစ်တွေကိုလည်း လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
ဒေသအကျိုး၊ နိုင်ငံအကျိုးကို တတ်နိုင်သလောက် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းသာယာတဲ့ နေရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Tanintharyi Gallery အဖွဲ့သားများက ဆန္ဒပြုလိုက်ပါတယ်။
