ထား၀ယ်သီချင်းဘဏ်တိုက်

September 9, 2025,

Tanintharyi Gallery

တနင်္သာရီ ပြခန်းက ထား၀ယ်သီချင်းဘဏ်တိုက် အစီအစဥ်အတွက် ထား၀ယ်ဘာသာစကားနဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို စုစည်းလိုပါတယ်။

ပြန့်ကျဲနေတဲ့ ထား၀ယ်သီချင်းတွေကို တစုတစည်းတည်း စုစည်းနိုင်ဖို့နဲ့ ထား၀ယ်သီချင်းဖန်တီးသူများအချင်းချင်းကြား စုစည်းလုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

ထား၀ယ်သီချင်းနားထောင်ချင်တယ် ဘယ်နားရှာရမှန်း မသိဘူးဆိုတာမျိုး မဖြစ်တော့ဘဲ ထား၀ယ်သီချင်းတွေ နားထောင်ချင်ရင် တနင်္သာရီပြခန်းမှာ တစုတစည်းတည်းရှိတယ်ဆိုတာမျိုးဖြစ်အောင် ၀ိုင်းကြိုးစားကြရအောင်ပါ။

မိတ်ဆွေတို့ ဖန်တီးထားတဲ့ ထား၀ယ်သီချင်းတွေ ပေးပို့ဖို့ တိုက်တွန်းပါရစေ။

သတ်မှတ်ချက်အနည်းငယ်တော့ ရှိပါတယ်။
၁) ထား၀ယ်လိုနဲ့ ရေးထားတဲ့ သီချင်းဖြစ်ရပါမယ်။
၂) သင့်တင့်တဲ့ အရည်အသွေးရှိတဲ့ သီချင်း ဖြစ်ရပါမယ်။

သတ်မှတ်ချက်များကို လိုအပ်သလို ဖြည့်စွက်ပြင်ဆင်သွားမှာ ဖြစ်ပြီး ဖြည့်စွက်ပြင်ဆင်တိုင်းလည်း သက်ဆိုင်သူများကို အမြဲအသိပေးသွားမှာ ဖြစ်ပါတယ်။

သီချင်းပေးပို့လိုတယ်ဆိုရင် –
📧 Email: tanintharyigallery@gmail.com
💬 Messenger: m.me/tanintharyigallery