Video Editor (စေတနာ့ဝန်ထမ်း) ခေါ်ယူခြင်း
Tanintharyi Gallery ကို တနင်္သာရီဒေသ၏ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် လူမှုဘဝဆိုင်ရာ မှတ်တမ်းများကို ရှာဖွေစုစည်းခြင်း၊ တင်ဆက်ခြင်း ရည်ရွယ်ချက်များဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်တည်ထောင်ခဲ့ပြီး စေတနာ့ဝန်ထမ်းအဖွဲ့ဝင်များဖြင့် စုစည်းကာ လုပ်ကိုင်လျက်ရှိပါသည်။
Tanintharyi Gallery ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများအတွက် Video Editor (စေတနာ့ဝန်ထမ်း) တစ်ဦးအား လေးစားစွာဖြင့် ဖိတ်ခေါ်ခန့်အပ်လိုပါသည်။
လျှောက်ထားရန် လိုအပ်သော အချက်အလက်များ
Video Editing နှင့် သက်ဆိုင်သော ဆော့ဖ်ဝဲများကို အသုံးပြုနိုင်သူ ဖြစ်ရမည်။
တနင်္သာရီဒေသ၏ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများကို စိတ်ဝင်စားသူ ဖြစ်ရမည်။
တနင်္သာရီဒေသစကားများ (ဥပမာ – ထားဝယ်၊ ဘိတ် စသည်တို့) ကို နားလည်နိုင်သူ ဖြစ်ရမည်။
အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်သော အဖွဲ့အစည်းစိတ်ဓာတ်ရှိသူ ဖြစ်ရမည်။
Tanintharyi Gallery ၏ လုပ်ငန်းများတွင် စိတ်ဝင်စားစွာ ပါဝင်ပူးပေါင်းဆောင်ရွက်လိုသူများသည် –
ကိုယ်ရေးအကျဉ်း (CV)
Portfolio
စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လိုသည့် ရည်ရွယ်ချက်တို့ကို
၂၀၂၆ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့ နောက်ဆုံးထား၍ tanintharyigallery@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
Tanintharyi Gallery အကြောင်း ပိုမိုသိရှိလိုပါက www.tgallery.org သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။
ချစ်ခြင်းအားဖြင့်
Tanintharyi Gallery




