ခေတ်အဆက်ဆက် မြိတ်မြို့ပြမြေပုံများနှင့် မြို့ပြစီမံကိန်း (Town Plan) များအပေါ် သမိုင်းကြောင်းဆိုင်ရာ ဆန်းစစ်ချက် (၁၅ရာစုမှ ၁၉၃၉ အထိ)

June 25, 2026,

ထာနေစိုး

ရေကြောင်းပြမြေပုံများမှသည် ၁၇၆၂ ခုနှစ် ကုန်းဘောင်ခေတ် စစ်ဘက်ခံတပ်မြို့ပြ စီမံကိန်း၊ ထိုမှတစ်ဆင့် ၁၉၃၉ ခုနှစ် ကိုလိုနီခေတ်ပြိုင် Town Plan အထိ မြိတ်မြို့၏ မြေပုံများကို လေ့လာခြင်းဖြင့် မြိတ်မြို့သည် “စစ်ရေးဗျူဟာမြောက် ခံတပ်အဆင့်” မှ “လူမျိုးစုအလိုက် စနစ်တကျ အကွက်ချထားသော ကုန်သွယ်ရေးဆိပ်ကမ်းမြို့ပြအဆင့်” သို့ ပထဝီဝင်အနေအထားအရ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့ပုံကို သုံးသပ်နိုင်ပါသည်။