ထား၀ယ်မှာ ကျင်းပနေတဲ့ ၀ဿန်ဦး ပန်းချီပန်းပုပြပွဲ

April 22, 2026,

Tanintharyi Gallery

ထားဝယ်ခရိုင် ပန်းချီ ၊ ပန်းပုအစည်းအရုံးဝင်တွေရဲ့ ပန်းချီပန်းပု ပြပွဲတစ်ခုဖြစ်တဲ့ ဝဿန်ဦး ပြပွဲကို ဧပြီလ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လှိုင်းခတ်သံ Art Space မှာ ကျင်းပလျက် ရှိပါတယ်။

ဒီပြပွဲမှာ ထားဝယ်ဒေသခံ ဝါရင့် ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေအပြင် မျိုးဆက်သစ် လူငယ်ပန်းချီဆရာ/ဆရာမတွေရဲ့ ဆီဆေး၊ ရေဆေး လက်ရာပန်းချီကားတွေကို ပြသရောင်းချလျက် ရှိပါတယ်။

ပန်းချီပြပွဲမှာ ဦးထွန်းကြည်၊ ဦးလှရွှေ (ကရဝိတ်)၊ ဦးစိုးနိုင်၊ ဦးထွန်းသန်း၊ ဇာနည်စိုးမိုး၊ အောင်ကျော်မျိုး၊ ပြည့်ပြည့်မိုး၊ သန်းဌေး၊ ချစ်သျှား၊ စွမ်းပြည့်ဝေယံ၊ ကိန္နရာ၊ မင်းခန့်ကျော်၊ မျိုးမြတ်ဦး၊ ဖြိုးမောင်မောင်၊ ဇော်သန့်၊ Moh ၊သန်းကြည်၊ ကိုမိုး၊ နိုင်အောင်ထွန်း၊ ပြည်ခင်မိုး၊ ထက်ကိုခန့် ၊ချစ်ဖွယ် ၊ ဘုန်းမြတ်ဟိန်း တို့ရဲ့ ပန်းချီကား ၆၉ ကားနဲ့ ပန်းပုတွေကို ခင်းကျင်းပြသထားပါတယ်။

ထားဝယ်ဒေသခံပန်းချီပညာရှင်တွေရဲ့ လက်ရာတွေကို ခံစားချင်သူတွေ၊ ဝယ်ယူစုဆောင်းချင်သူတွေအတွက် ဒေသရနံ့တွေပါ ပါဝင်နေတာမို့ လေ့လာသင့်တဲ့ ပြပွဲတစ်ခုအဖြစ် ညွှန်းဆိုချင်ပါတယ်။