ခ္လောန်းဘေးညဉ့်

March 19, 2026,

ဧသင်

ခ္လောန်းဘေး မီးပေါင်

ကန်ဂေါင် ကြယ်စောင်

ရေသံငြိငြိ

ညဉ့်တိဆိ။

ခ္လောန်းရေ နွီးနွီး

က္လောန့် ပ္လန် ကီးဂီး

လူလေနာ့ဝီး

တီးဆိုးဟှီး။

ထန်းလည်း ပ္လါ က္လ

လူလည်း ငိုက်က္လ

သဲမာ လှဲခ္လ

ခ္လောန်းနား ရှမ်းဇာ့။

ဧသင် (ခေတ္တ ဟွေး) (၃၁ ဇန္နဝါရီ ၂၀၂၆)

လူတွေနဲ့ ခပ်ဝေးဝေး၊ ချောင်းကလေးတချောင်းရဲ့နံဘေးမှာ ညအိပ်ဖူးပါသလား။

ချောင်းလေးရဲ့ နံဘေး သောင်ပေါ်မှာ မီးပုံလေးတပုံ။ ကြယ်ရောင်တွေလက်နေတဲ့ ညရဲ့ ကောင်းကင်ကြီးအောက်မှာ ချောင်းရေသံက တငြိမ့်ငြိမ့်နဲ့ ညကလေးဟာ တိတ်ဆိတ်လို့ပေါ့။

ချောင်းရေဟာ ညဖက်မှာ နွေးတေးတေးရယ်။ ချောင်းနံဘေးဝဲယာမှာ ကျောက်ခဲနဲ့သဲ သောင်ပြင်ကြီးကလည်း အကျယ်ကြီး။ လူတွေနဲ့ ဝေးဝေးမှာမို့ တိတ်ဆိတ်ခြောက်ကပ်သလိုတောင် ဖြစ်လို့ပါ။

မီးဆိုက်ထားတဲ့ ထင်းကလည်း ပြာကျလာသလို လူကလည်း ငိုက်ကျလာတယ်။

သောင်ပြင်က သဲပေါ်မှာ လှဲချလိုက်တော့ ချောင်းနံဘေးမှာ အေးမြတဲ့ ခံစားမှု အေးလှတဲ့ ရာသီဥတုကို ခံစားရပါရဲ့။

ကဗျာကတော့ ဒါပါပဲ။ ညတညရဲ့ အရသာကို ချောင်းနံဘေးမှာ တိတ်တဆိတ်ခံစားကြည့်တဲ့ အတွေ့အကြုံကို ဖွဲ့ထားတာပါ။