ပ္လေါက် – ပလုတ်
“ပ္လေါက်” အရည်ပျော်ထဲကို ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်း ပါးပါးလှီးထားတာတွေထည့်၊ သံပရာ ရည်ညှစ်ထည့်၊ ဆားနည်းနည်း၊ အရသာမှုန့်နည်းနည်းတို့ကို သမအောင်ထည့်ပြီး သုပ်လိုက်ပါတယ်။
ဒါဆိုရင်တော့ အနံ့ အရသာနဲ့ ပြီးပြည့်စုံနဲ့ “ပ္လေါက်”သုပ် တစ်ပွဲရပြီပေါ့။ “ပ္လေါက်”သုတ် တစ်ပွဲဖြစ်လာပြီးလို့ ထွက်ပေါ်လာတဲ့အနံ့က တော်တော် ထူးခြားပြီး ဆွဲဆောင်မှု ရှိလွန်းပါတယ်။
သူ့ရဲ့အရသာကလည်း တော်တော်ကို ထူးခြားတာပါ။ သူ့အရသာ ဘယ်လိုရှိတယ်ဆိုတာကို ဖော်ပြဖို့ ကျွန်တော့်အနေနဲ့ မစွမ်းသာပါဘူး။ ဒီတော့ ကိုယ်တိုင် အမြည်းစမ်းခွင့်ရအောင်သာ စွမ်းဆောင်ကြပါလို့သာ ပြောချင်တာပါပဲ။




