ထားဝယ်ဒေသအတွင်းက စိတ်ဝင်စားဖွယ် ရပ်ရွာအမည်တွေ
ထားဝယ်ဒေသအတွင်းက ရပ်ရွာအမည်တွေကို လေ့လာရင် စိတ်ဝင်စားစရာ၊ တွေးဆစရာတွေ အများကြီးတွေ့ရတတ်တယ်။
ရပ်ရွာအမည်တွေ မှည့်ခေါ်ပုံက အတ္ထဗေဒအမြင်အရ ထူးခြားသလို တချို့အမည်တွေက ဒေသတွင်းမှာ အနည်းဆုံးနှစ်နေရာလောက် အမည်တူနေတာမျိုးတွေ့ရတတ်တယ်။
သာဓကအနေနဲ့ဆိုရင် သာဂရမြို့ဟောင်းရွာက ဆင်ပုနစ်ရွာ (ဆင်နစ်) အမည်ကို ထားဝယ်မြို့ပေါ်မှာ ဆင်ပုနစ်ရပ်ကွက်အမည်နဲ့တွေ့ရတာမျိုး။ ဒါကတော့ရှင်းပါတယ်။ သာဂရမြို့ကို ထားဝယ်မြို့အဖြစ် ထားဝယ်မြစ်အရှေ့ဘက်ကမ်းကို ပြောင်းတည်လို့ မြို့ဟောင်းကအမည် ပါလာတာမျိုးကိုး။
ရေဖြူမြို့နယ်ဆိုရင်လည်း လောင်းလုံးမြို့နယ်ထဲမှာ ”အောက်ရေဖြူ” ဆိုပြီး ကျေးရွာကြီးတစ်ခုအမည်အဖြစ်တွေ့ရပြန်တယ်။
အဲလိုပဲ ရေဖြူမြို့နယ်ထဲက မင်းဒပ်၊ ရငဲ ရွာအမည်တွေကို သရက်ချောင်းမြို့နယ်မှာလည်းတွေ့ရပြန်ရော။ တကယ်ဆို တောင်နဲ့မြောက် ကွာခြားတဲ့နေရာတွေ။
ဝဇွမ်းတော၊ ဝဇွမ်းချောင်းဆိုတဲ့ အမည်ပါရွာတွေလည်းတွေ့ရတတ်ပါသေးတယ်။
ဒါက လျှပ်တစ်ပြက်စဥ်းစားမိတာလေး တွေးဖြစ်တာပါ။ အခြားနေရာလေးတွေလည်း ရှိဦးမှာပါ။ ဘာကိုအစွဲပြုပြီးမှည့်ခေါ်ခဲ့ကြတာလဲ။ ရွာအမည်ရဲ့နောက်မှာ ဘယ်လို သမိုင်းကြောင်းတွေရှိခဲ့လဲဆိုတာက စိတ်ဝင်စားစရာပါ။
မိတ်ဆွေတို့ဝန်းကျင်မှာရော ဒီလို အမည်တူရွာလေးတွေ တွေ့ရပါသလား။ မျှဝေပေးခဲ့ချင်ပါတယ်။
ဒီကတစ်ဆင့်ကျွန်တော်တို့ ရပ်ရွာ သမိုင်းကြောင်းလေးတွေ လေ့လာကြရအောင်ပါ။




