တနင်္သာရီရဲ့ မှတ်တမ်း မှတ်ရာများ ဝိုင်းစုကြမယ်

February 9, 2026,

Tanintharyi Gallery

Tanintharyi Gallery က အကောင်ထည်ဖော်နေတဲ့ တနင်္သာရီမော်ကွန်းတိုက် (Tanintharyi Archive) အစီအစဉ်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က တနင်္သာရီဒေသအတွင်းရှိ လူမျိုးစုတွေရဲ့ သမိုင်း၊ အနုပညာ၊ ယဥ်ကျေးမှု၊ လူမှုဘဝ ဝိသေသ လက္ခဏာတွေကို ဖော်ညွှန်းသည် ဆောင်းပါးတွေ၊ သုတေသနအခြေခံ စာတမ်းတွေ၊ မှတ်စုမှတ်ရာတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အသံမှတ်တမ်းတွေကို ဒစ်ဂျစ်တယ်မှတ်တမ်းအဖြစ် စုစည်းသိမ်းဆည်းပြီး ဖော်ပြတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ဘယ်လိုပါဝင်ရမလဲ

၁) မိတ်ဆွေတို့ လက်ဝယ် (သို့) ပတ်ဝန်းကျင်တွင်ရှိတဲ့ တနင်္သာရီရဲ့ မှတ်တမ်းအတွက် ထိန်းသိမ်းမှတ်တမ်းတင်သင့်သည်ဟု ယူဆသော မှတ်တမ်းမှတ်ရာတွေကို ပေးပို့ရမှာ ဖြစ်ပါတယ်။

၂) ရှေးဟောင်းအဆောက်အုံး ဓါတ်ပုံတွေ၊ မှတ်တရသိမ်းထားတဲ့ ရှေးဟောင်းပစ္စည်းဓါတ်ပုံတွေ၊ တစ်ခေတ် တစ်ခါက ဓါတ်ပုံဟောင်းတွေ၊ ဖော်ပြသင့်တဲ့ စာအုပ် စာတမ်းတွေ၊ တေးသီချင်း ဂီတနဲ့ ဗီဒီယို စတဲ့ မှတ်တမ်းမှတ်ရာတွေကို ပေးပို့နိုင်ပါတယ်။

၃) ပေးပို့သည့် မှတ်တမ်းမှတ်ရာရဲ့ အချက်လက်များ၊ နောက်ခံ အကြောင်းအရာတွေကိုလည်း ဖော်ပြပေးပို့ရပါမယ်။

ဘယ်လိုဖော်ပြ သိမ်းဆည်းမလဲ

၁ ) Tanintharyi Gallery ရဲ့ Website နဲ့ Facebook တို့တွင် အလျင်းသင့်သလို ဖော်ပြပါမည်။

၂) Tanintharyi Gallery ရဲ့ Website က တနင်္သာရီမော်ကွန်းတိုက် (Tanintharyi Archive) နှင့် Database တို့မှာလည်း စနစ်တကျသိမ်းဆည်ထားမှာ ဖြစ်ပါတယ်။

ပေးပို့လိုပါက –

Email: tanintharyigallery@gmail.com

Messenger: m.me/tanintharyigallery

Telegram : https://t.me/tgallery23

တို့မှ တဆင့် ပါဝင်ပေးပို့နိုင်ပါတယ်။

” တနင်္သာရီရဲ့ မှတ်တမ်းမှတ်ရာတွေကို အတူတကွ ထိန်းထားကြရအောင်။ “

ချစ်ခြင်းအားဖြင့်

Tanintharyi Gallery