ထားဝယ်တေးကဗျာ ရွတ်ဆို ပြိုင်ပွဲ နောက်ဆုံး ဖိတ်ခေါ်ချက်
ပြိုင်ပွဲဝင်ရောက်ရန်အတွက် ဒီဇင်ဘာလ ၂၅ ရက်ညနေအထိ စာရင်းပေး ဗီဒီယို ၁၀ ခု ရှိပြီး၊ ပြိုင်ပွဲဝင် ဗီဒီယို ၇ ခုသာ လက်ခံရရှိပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲဝင်ဗီဒီယိုပေးပို့ရန် နှောင့်နှေးနေသူများနဲ့ စာရင်းပေးပို့ရန် ကျန်ခဲ့သူများအတွက် နောက်ဆုံး (Final Call ) အနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်ညနေအထိ စာရင်းပေးပို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
ထားဝယ်တေးကဗျာ ရွတ်ဆို ပြိုင်ပွဲကို ထားဝယ်သူ၊ သားတို့၏ အမှတ်သရုပ်လက္ခဏာနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။




