အသက် ၈၀ကျော် တံတားကြီး၏ ပင်စင်ချိန် | ထားဝယ်ပေါ့ကတ်စ်

December 16, 2025,

Tanintharyi Gallery

တချိန်က ဗြိတိသျှတို့ တည်ဆောက်ခဲ့သော တံတားကြီးသည် ယခုမူ အနားယူနေပြီ။ သူ၏ နံဘေးကပ်ရက်သား တွင် တံတားအသစ်တစင်းက တံတားဟောင်းကြီး၏ တာဝန်ကို လက်လွှဲယူလိုက်လေပြီ။

ကလိန်အောင်တံတားဟု လူသိများကြသည့် တချိန်က တံတားဟောင်းသည် ပေ ၅၀၀ ကျော်ခန့်ရှည်သည်။ တံတားကြီး၏ ဗိသုကာ ဒီဇိုင်း၊ တည်ဆောက်ထားဟန်မှာ လှပပါသည်။