ဒီရေတောချစ်သူများအတွက် အလွမ်းပြေ

December 15, 2025,

Bon

တနင်္သာရီတိုင်းလို့ ဆိုလိုက်တာနဲ့ စိမ်းစိုစို တနင်္သာရီရိုးမတောင်တန်းကြီး၊ မိုင် ၅၀၀ ကျော်ရှည်လျားတဲ့ တနင်္သာရီကမ်းရိုးတန်း၊ သဲခေါင်ဖွေးဖွေး ရေပြင်ပြာပြာ ကမ်းခြေတွေကို မျက်လုံးထဲ ပေါ်လာကြမှာပါ။

နောက်ပြီး တနင်္သာရီတိုင်းကမ်းရိုးတန်းတစ်လျှောက်မှာ သဘာဝလက်ဆောင်တခု ရှိပါသေးတယ်။ အဲဒါကတော့ ဧက သိန်းချီ ရှိတဲ့ ဒီရေတောပဲ ဖြစ်ပါတယ်။

ငါး၊ ပုဇွန်၊ ဂဏန်း စတဲ့ ရေနေသတ္တဝါတွေရဲ့ ခိုအောင်းစရာနေရာ၊ ဒေသခံလူထုရဲ့ စားဝတ်နေရေးကို အထောက်အကူပြုရာနေရာ၊ ဆူနာမီ မုန်တိုင်းကဲ့သို့သော သဘာဝဘေးတွေမှလည်း ကာကွယ်ပေးပါတယ်။

အခြေအနေ အမျိုးမျိုးကြောင့် အဝေးရောက်နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၊ ဒေသသူ/သားတွေ အလွမ်းပြေစေဖို့၊ ဆင်ခြင်တွေးဆစရာရဖို့အတွက် ရည်ရွယ်ချက်နဲ့လုပ်နေတဲ့ “အလွမ်းပြေ” အစီအစဥ်ကနေ Bon ရိုက်ကူးပေးပို့လာတဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

ပုံများနှင့် ဗီဒီယိုများကို Tanintharyi Gallery ၏ Telegram မှတစ်ဆင့် ပေးပို့နိုင်ပါတယ်။

📱 Telegram : https://t.me/tgallery23