လေးလုံးကျစ် လက်ပတ်ကြိုးလေး

November 23, 2025,

အေကေ ၃၁.၄

ဒီတစ်ပတ်မှာတော့ တနင်္သာရီတိုင်းက လူငယ်တွေရဲ့အသံတွေကို လွတ်လွတ်လပ်လပ်ဖွင့်ဟရာကနေ လူငယ်တစ်ဦးဖြစ်တဲ့ “အေကေ ၃၁.၄” ဟာ သူ့ရဲ့ ခက်ခဲပင်ပန်းရတဲ့အတွေ့အကြုံထဲက နှစ်သိမ့်မှုနဲ့ သန်မာမှုတွေကို လှစ်ဟပြတဲ့အကြောင်းကို လွမ်းမောဖွယ်တင်ပြထားတဲ့ အရေးအသားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

ဘက်ပေါင်းစုံမှ ကျပ်တည်းခက်ခဲနေတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်းအတွင်းက လူငယ်တွေဟာ သူတို့ ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုတွေအတွက် လုံခြုံ စိတ်ချရတဲ့ ဒီဂျစ်တယ်ရပ်ဝန်းတစ်ခုကို ဖန်တီးပုံဖော်ခဲ့ပါတယ်။

အဲဒီ့ ဒီဂျစ်တယ်ရပ်ဝန်းကနေဆင့် လွတ်လပ်ပွင့်လင်းတဲ့ဆွေးနွေးမှုတွေနဲ့အတူ သူတိုရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ ကုစားမှုတွေရဲ့ သရုပ်အဖြစ် တီထွင်ဖန်တီးမှုနဲ့ အနုပညာလက်ရာတွေကို ဖွင့်ဟ တင်ဆက် ဖိတ်ခေါ်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒီ “အတူယှဉ်တွဲယှက်နွယ် ဒီဂျစ်တယ်ရပ်ဝန်းမှာရင်ဖွင့်မယ်” အစီအစဉ်ကနေတဆင့် ဖန်တီးမှုလက်ရာတွေကို တင်ဆက်ဖို့ ရှိတာကြောင့် စောင့်မျှော်နေကြပါဦးနော်။

နားဆင်သူသောတရှင်တွေကလည်း အခက်အခဲတွေကြားမှာ နှစ်သိမ့်မှုလေးတွေ၊ ပျော်ရွှင်မှုတွေကို ရရှိခဲ့ကြတယ် ဆိုရင်လည်း မိမိတို့ ရဲ့ အတွေ့အကြုံတွေကို အောက်ကကောမန့်မှာ မျှဝေသွားလိုရပါတယ်နော်။

ဒီအစီအစဉ်ကို Idea Lab ကပံ့ပိုးပေးပြီး Mya Yar အဖွဲသားတွေက ဦးဆောင်တင်ဆက်ထားပါတယ်။ Tanintharyi Gallery က Media Partnership အဖြစ်ပူးပေါင်းအားဖြည့်ပေးထားပါတယ်။