ဗဒုံမင်းရဲ့ ရွှေဂူဘုရား ရှာပုံတော်

November 22, 2025,

ရနောင် (ဒွယ်)

ဆင်းတုတော်တွေကို မူလလက်ရာတွေအတိုင်း တွေ့နေရလို့ စိတ်ကျေနပ်မိတာပါ။ သိမ်ကတော့ နောက်ပိုင်းမှ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အလှူပြု ကမ္ပည်းစာမှာ ဖော်ပြချက်အရ သက္ကရာဇ် ၁၂၇၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်လို့ အခုဆိုရင်တော့ ဒီသိမ်ဟာ နှစ်ပေါင်း ၁၁၆ နှစ်ရှိပါပြီ။ သိမ်မှာတွေ့ရတဲ့ မှန်စီရွှေချ လေးထောင့်တိုင်လုံးကြီးတွေက အတော်လေးလှပါတယ်။

အဲဒီအနုလက်ရာတွေဟာ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိပြီမို့ ဒီထက်ပိုမပျက်စီးအောင် ထိမ်းသိမ်းရတော့မှာပါ ။