ဦးငွေကိုင် ရဲ့ ပန်းချီလက်ရာများ
နိုင်ငံကျော် ပန်းချီဆရာကြီး ဦးငွေကိုင်ရဲ့ ပန်းချီလက်ရာ တချို့ကို အင်တာနက်မှာ ရှာတွေ့သမျှ ဖော်ပြလိုက်ပါတယ်။
ဦးငွေကိုင်ကို ၁၉၀၁ ခုနှစ်က မြိတ်မြို့နယ် စန္ဒဝတ်ရွာမှာ မွေးဖွားပါတယ်။ မိဘတွေကတော့ မြိတ်ဇာတိဖခင် ဦးအိုင်ဂုဏ်၊ ထားဝယ်ဇာတိ မိခင် ဒေါ်စုမ တို့ ဖြစ်တယ်။ ဖခင်ဖြစ်သူ တိမ်းပါးသွားပြီးနောက်မှာ ထားဝယ်မြို့သို့ ပြောင်းရွှေ့ အခြေချတယ်။ မိခင်ရဲ့ အစ်ကို ဖြစ်သူ တောင်ငူကျောင်းဆရာတော်ထံမှာ ပညာဆည်းပူးခဲ့တယ်။
ပန်းချီ ဆရာကြီး ဦးဘိုးအောင် ထားဝယ်ရောက်စဉ်မှာ ပန်းချီဆွဲတာကို အနီးကပ်လေ့လာခဲ့တယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က ပန်းချီသင်တန်းကျောင်းမှာ စာပေးစာယူ ၃ နှစ် တက်ရောက် သင်ယူခဲ့တယ်။
၁၉၂၈ ခုနှစ်မှာ ရန်ကုန်ရောက်ပြီး ထားဝယ်သမဂ္ဂ အဆောက်အအုံမှာ ခေတ္တတည်းခိုနေထိုင်သည်။ ထိုနောက် ဆရာရင်း ပန်းချီဆရာကြီး ဦးဘိုးအောင်ရဲ့ လမ်းညွှန်မှုဖြင့် ပန်းချီ ဦးဘဉာဏ်ထံတွင် ပညာသင်ယူခဲ့သည်။
ဆရာကြီး ဦးငွေကိုင်သည် သမိုင်းဝင် ပန်းချီကားချပ်ကြီးများကို ရေးဆွဲခဲ့ပါတယ်။
ဆရာကြီးရဲ့ ပန်းချီလက်ရာတွေကို ဓာတ်ပုံရိုက် သိမ်းထားတာ ရှိရင်လည်း ပို့ပေးကြပါဦး။
ပုံတွေစုခဲ့တဲ့ ဖေ့စ်ဘုတ်များ –
၁) Thaw Zin Latt
၂) ရှေးရှေးတုန်းက ဗမာပြည်
၃) Art House – Online Gallery

Oil on board ( 46 x 61 cm )

Oil on board ( 61 x 91.5 cm )

Oil on board ( 44 x 61 cm )

Oil on board ( 39.5 x 49.5 cm)

Oil on board ( 30 x 40 cm )


ရှုမဝ ၊ ဩဂုတ် ၁၉၅၄ ။

Medium ~ Watercolor On Paper
Size ~ 15”x13”

Oil on board ( 28 x 53 cm )




