ထားဝယ်မြို့မှ နှစ်တစ်ရာကျော်သက်တမ်းရှိ မှန်ပန်းချီရေးပြတင်းပေါက်များ
မှန်ပန်းချီကားတွေကို နိုင်ငံရပ်ခြားအထိ အရင်မှာယူပြီး မှာယူတဲ့ပစ္စည်းတွေ ထားဝယ်မြို့ကိုပြန်ရောက်လာမှဘုရားရှိခိုးကျောင်းကိုတည်ဆောက်ခဲ့တာလား ၊ ဒါမှမဟုတ် ထားဝယ်မြို့မှာ ဘုရားရှိခိုးကျောင်းကိုအရင်ဆောက်ပြီးမှ မှန်ပန်းချီကားတွေကို လန်ဒန်အထိမှာယူခဲ့တာလား ဆိုတဲ့အချက်နှစ်ချက်က စဉ်းစားရခက်နေတာပါ ။
ဒါပေမယ့်လည်း ထားဝယ်မြို့က အဲဒီဘုရားရှိခိုးကျောင်းလေးကို မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ကျရောက်ပြီးကာစ 1886 ခုနှစ်ဝန်းကျင်မှာတည်ဆောက်ခဲ့တယ်ဆိုတာကတော့ သေချာပါတယ် ။




