ထမင်းမြိန်စား ကျီးက နားနှင့်
ထားဝယ်တေးဟုဆိုသော ဝါလိုက်ပါတော့မိုး နှင့် ကျွဲသားနှစ်ကောင် (ကွဲသားနှေ့ကောန်)တို့ကို မြန်မာစာ ကျောင်းသင်ခန်းစာများနှင့် အသိများကြသည်။
တကယ်တော့ ထားဝယ်စကားပြောသူများ အကြား ကဗျာစပ်ဆိုမှုမှာ ထင်ထင်ရှားရှားကြီး ရှိမနေဟု ခံစားမိသည်။
ဆိုစရာ ရွတ်စရာ တသစရာ ခံစားစရာ ထားဝယ် ကဗျာများကို အာသီသပြင်းပြနေမိသည်။ ထို့ကြောင့် ရင်ထဲကပေါ်လာသော အရာအချို့ကို ချရေးလိုက်သည်။




