ယူနက်စကို အမွေအနှစ်စာရင်းဝင် “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားမှ ထားဝယ်သား မီးပုံးပျံ ဦးကျော်ရင်
မြဂနိုင် ကို ၁၉၃၄ ခုနှစ်က ရိုက်ကူးခဲတဲ့ မြန်မာအဖြူအမည်း အသံတိတ်ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ မြဂနိုင် ရုပ်ရှင်ကို ယူနက်စကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ် အဖြစ် ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုတွင် ထားဝယ်သား မီးပုံးပျံ ဦးကျော်ရင် နဲ့ပက်သက်ပြီး ဇာတ်ဝင်ခန်းတစ်ခု ပါဝင်နေပါတယ်။
ထိုအချိန်က မီးပုံးပျံကို ဘယ်လိုစီးကြသလဲ၊ လူတွေက ဘယ်လိုလာရောက် အားပေးကြလဲ၊ တစ်ခတ်တစ်ခါက လူနေမှုတွေက ဘယ်လိုရှိကြလဲ ဆိုတာတွေကို ပြန်လည်ခံစားနိုင်မှာဖြစ်ပါတယ်။
ဇာတ်ကား အပြည့်အစုံကို – https://youtu.be/hlud1IDOVaw မှာ ကြည့်လို့ရပါတယ်။ ဦးကျော်ရင် ဇာတ်ဝင်ခန်း (၂၀ မိနစ်မှ ) စကြည့်နိုင်ပါတယ်။
မြဂနိုင် ဇာတ်ကားအကြောင်းကို – https://bit.ly/3RAmvuF တွင် ဖတ်ရှုနိုင်ပါတယ်။





