ငယ်သူငယ်ချင်းများနဲ့ ရင်ဖွင့်သံ
ဒီတစ်ပတ် “အတူယှဉ်တွဲယှက်နွယ် ဒီဂျစ်တယ်ရပ်ဝန်းမှာရင်ဖွင့်မယ်” အစီအစဉ်မှာ “ငယ်သူငယ်ချင်းများနဲ့ ရင်ဖွင့်သံ ” အစီအစဥ်လေးကို ကျွန်တော်တို့ တင်ဆက်ထားပါတယ်။
ကျွန်တော်တို့ ဟိုးငယ်ငယ် ကလေးတည်းက အခုချိန်ထိ သံယောဇဥ် ခိုင်မာ ခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာ စာနာ နားလည်မှုတွေ အချင်းချင်း ဖေးမ ကူညီမှုတွေကို ပြန်လည် သတိရ တမ်းတမိစေဖို့ နဲ့ အပူအပင်ကင်းတဲ့ သူငယ်ချင်းသံယောဇဥ်လေး ပြန်လည်နိုးကြားလာစေဖို့ ဒီအစီအစဥ် လေးနေတဆင့် ဘဝအတွက် ရှေ့ဆက်ရမယ့် ခွန်အားတွေ၊ မွေးမြူ ထိန်းသိမ်း သွားရမယ့် ချစ်ခြင်းမေတ္တာတွေကို ကျွန်တော်တို့ ဘယ်လို တည်ဆောက် နားလည် ခဲ့ကြသလဲ ဆိုတာ ပြန်ပြောင်းအောက်မေ့ လာစေမယ်လို့ထင်မြင်မိပါတယ်။
ဒီအစီအစဥ်လေးတွေကို ခံစားနားဆင်ပြီး ကျွန်တော်တို့လိုပဲ ခံစားခဲ့ရသလားဆိုတာကိုလည်း ဒီအောက်ကကောမန့်မှာ ရင်ဖွင့်သွားလို့ ရပါတယ်နော်။
ဒီအစီအစဉ်ကို Idea Lab ကပံ့ပိုးပေးပြီး Mya Yar အဖွဲသားများက ဦးဆောင်တင်ဆက်ထားပါတယ်။




