ဇီးဗ္လစ်မိုး
မိုးဝါးနှံ့နှံ့
ဖူလမ်းထမ့်
ခုခါခုခါဝါ။
မိုးဝါဖူသေ
မ္လေနံ့မွှီး
စိချမ်းသာအောန် ဝါ ။
မိုးကီးဂီးက္လ
ရေအိုင်တန်
ဇီးဗ္လစ်ပေါ်အောန် ဝါ။
ဇီးဗ္လစ် ညစ်ညစ်
လျှောလဲဂဲ့
စောန့်ကစ်ကတ်အောန် ဝါ။
ဧသင် (ခေတ္တ-ဟွေး) (၁၃ ဖေဖော်ဝါရီလ ၂၀၂၆)
ဗွက်ထစေသောမိုး။ မိုးစဲသော ဆောင်း နွေ အခါများ၌ ဖုန်ထူခဲ့သော လမ်းကလေးကို မိုးရေတို့က ပြောင်းလဲလိုက်လေပြီ။ မိုးကြောင့် မြေရနံ့သင်းသင်းဖြင့် စိတ်ချမ်းသာစရာခဏတာဖြစ်သည်။ ဖုန်တို့ ပျောက်လွင့်ကုန်ပြီ ဖြစ်သော်လည်း မကြာခဏ ရွာလာသော မိုးကြောင့် မြေကြီးသည် မိုးရေဝခဲ့ပြီ။
ထို့ကြောင့် မိုးရေတို့မှာ အိုင်ငယ်များအဖြစ်လမ်းပေါ်တွင် ပေါ်လာကာ ဗွက်ပေါက်တော့သည်။ မြေသားလမ်းမို့ ဗွက်နှင့်ချော၏။ ထိုဗွက်ညစ်ညစ်မှာ ချော်လဲတတ်ကြသဖြင့် အမြင်ကတ်စရာ မိုး၊ အမြင်ကတ်စရာ လမ်းကလေးဖြစ်သွားတော့၏။




