မိုးမှို

May 27, 2026,

ဧသင်

မိုးဝါးက္လလာ

ထီးပွမ့်လာ

ပေါင်ဇံစောင်န

ရောန်ဇောင်လာ။

ကျေးနှောက်၊ ဝါးရင်း

အံ၊ တောန်ဘို့

မိုးဖ္လူ၊ နှာခေါန်း

သွားနှုဇို့။

မိုးဝါးနှံ့နှံ့

မ္လေနံ့ထွမ့်

တော တောန်ထဲမာ

မှိုဇောင်ထွမ့်။

ဧသင် (ခေတ္တ ဟွေး) (၁ ဖေဖော်ဝါရီ ၂၀၂၆)

မိုးကလေး ရွာလာပြီမို့ တောထဲတောင်ထဲမှာ ထီးကလေးတွေ ရောင်စုံ ပုံစံစုံထွက်လာပါပြီ။ ကျေးနှုတ်မှို၊ ဝါးရင်းမှို၊ အင်မှို၊ တောင်ဘို့မှို နဲ့ ဒေသအခေါ် မိုးဖြူ၊ မှိုနှာခေါင်းတို့လည်း ပေါက်လာပြီမို့ သွားနှုတ်ကြစို့ရယ်။ မိုးကလေးက အနှံ့အပြား တဖွဲဖွဲရွာသမို့ မြေနံ့ကလေး သင်းသင်းနဲ့ တော တောင်တွေထဲ မှို အစုံ ထွက်လာလို့ပါပဲ။ ဒေသအချို့မှာ မိုးဦးကာလ ဝသန်အစမှာ ထွက်လေ့ရှိသော မှိုများကို လွမ်းဆွတ်လျက် ရေးပါ၏။