ပြိုင်ပွဲဆုချီးမြှင့်ငွေအတွက် ထောက်ပံ့သူ ဖိတ်ခေါ်ခြင်း
ထားဝယ်တေးကဗျာ ရွတ်ဆို ပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုငွေများအတွက် ထောက်ပံ့မည့်သူများကို ဖိတ်ခေါ်လိုပါသည်။
ထောက်ပံ့မှုကို တဦးချင်းဖြစ်စေ၊ မိတ်ဆွေများ စုပေါင်း၍ဖြစ်စေ၊ အသင်းအဖွဲ့များက ဖြစ်စေ၊ စီပွားရေးလုပ်ငန်းများက ဖြစ်စေ ထောက်ပံနိုင်ပါသည်။
ထောက်ပံ့နိုင်မည့် ဆုနှင့် ချီးမြှင့်ငွေများမှာ
ပထမဆု – ကျပ် ၃ သိန်း
ဒုတိယဆု – ကျပ် ၂ သိန်း
တတိယဆု – ကျပ် ၁ သိန်း
နှစ်သိမ့်ဆု (၂ ဆု) – ငွေကျပ် ၅ သောင်း
ထောက်ပံ့သည့်သူများကို အောက်ပါအတိုင်း အသိအမှတ်ပြု မှတ်တမ်းတင်ပါမည်။
၁) ပြိုင်ပွဲဗီဒီယိုများတင်သည့် ပို့စ်တွင် ထောက်ပံ့သူ/ ထောက်ပံ့သည့် အဖွဲ့အစည်း၏ အမည်ထည့်သွင်းခြင်း။
၂) ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း။
၃) ဆုရဗီဒီယို ထုတ်ပြန်သည့်အခါ ထောက်ပံသည့်ဆုအမျိုးအစားအလိုက် ဆုရဗီဒီယိုများတွင် ထောက်ပံ့သူ/အဖွဲ့အမည်ကို ထည့်သွင်းခြင်း။
ထောက်ပံ့ရန် ဆက်သွယ်ရမည့် တယ်လီဂရမ် (Telegram)
Telegram No – +95 9795392664
Telegram Lnk – https://t.me/tgallery23
အခုပြိုင်ပွဲကို ထားဝယ်သူ၊ သားတို့ အမှတ်သရုပ်လက္ခဏာနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။




