Tanintharyi Gallery (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား
Tanintharyi Gallery (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို Zoom မှတစ်ဆင့် အချိန်ပေး၍ တက်ရောက်ပါဝင်ပေးခဲ့ကြပါသော စေတနာ့ဝန်ထမ်းများ၊ စာမူရှင်များ၊ ပြပွဲ/ပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် မိတ်ဆွေများ၊ စာပေ ယဉ်ကျေးမှု၊ အရပ်ဘက်အဖွဲ့အစည်းများမှ မိတ်ဆွေများ နှင့် တက်ရောက်လာသူ အားလုံးကို Tanintharyi Gallery ဝိုင်းတော်သားများက အထူးကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။
မိတ်ဆွေများ၏ တက်ရောက်အားပေးမှု၊ တန်ဖိုးရှိသော အကြံပြုချက်များ နှင့် အားပေးစကားများသည် Tanintharyi Gallery အတွက် အရေးပါသည့် ခွန်အားတစ်ရပ်ကို ဖြစ်စေခဲ့ပြီး၊ ရှေ့ဆက်ခရီးများကို ဆက်လက် လျှောက်လှမ်းနိုင်ရန်အတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့ပါသည်။
ရှေ့ဆက်မည့် ကာလများတွင်လည်း တနင်္သာရီဒေသ၏ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် လူမှုဘဝနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပိုမိုပြည့်စုံ ကောင်းမွန်စွာ တင်ဆက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် မိတ်ဆွေများအနေဖြင့်လည်း ဆက်လက် ပါဝင်ကူညီပံ့ပိုးပေးကြလိမ့်မည်ဟု အလေးအနက် မျှော်လင့်မိပါသည်။
နောင်လာမည့် Tanintharyi Gallery အခမ်းအနားများတွင်လည်း ထပ်မံတွေ့ဆုံနိုင်ကြပါစို့။
ချစ်ခြင်းအားဖြင့်
Tanintharyi Gallery




