ငပိအခြေခံ စားစရာ ချက်ပြိုင်ပွဲဝင်များစာရင်း အသိပေးခြင်း

April 25, 2025,

Tanintharyi Gallery

ပြိုင်ပွဲဝင်ရောက်သူ ၁၀ ဦးရှိပါသည်။ ထိုစာရင်းကို ဖော်ပြပေးလိုက်ပါသည်။

ပြိုင်ပွဲ၀င်ဗီဒီယိုများကို မေလ ၁ ရက်နေ့မှစပြီး တစ်ရက်ကို တစ်ပုဒ်နှုန်းဖြင့်ဖော်ပြပါမည်။ မနက်ပိုင်း ၈ နာရီ(ထိုင်းအချိန်) မှာ Tanintharyi Gallery Facebook တွင် ဖော်ပြပါမည်။

ပြိုင်ပွဲ၀င်ဗီဒီယိုများကို ပြိုင်ပွဲ စည်းကမ်း သတ်မှတ်ချက်များကြေညာထားသည့်အတိုင်း ဦးဆုံးပေးပို့သည့် ဗီဒီယိုကို အရင်ဆုံး ဖော်ပြပါမည်။

ပြိုင်ပွဲ၀င် ဗီဒီယိုများ စုစုပေါင်း “View” ကို မေလ ၃၁ ရက်နေ့ ၊ ညနေ ၅ နာရီ (ထိုင်းအချိန်) တွင် တွက်ချက်ပါမည်။

ဆုရရှိသူများစာရင်းကို ဇွန်လ ၈ ရက်နေ့တွင် ကြေညာမည်။