တနင်္သာရီ ဒေသိယတေးကဗျာ (တတိယပိုင်း)

August 22, 2026,

Tanintharyi Gallery

အခုတစ်ပတ်မှာတော့ Tanintharyi Gallery ကထုတ်ဝေတဲ့ တနင်္သာရီဒေသ ဒေသိယ တေးကဗျာရွတ်ဖတ်ခြင်း အစီအစဉ် နောက်ဆုံးပိုင်း – တတိယပိုင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။

တနင်္သာရီ ဒေသိယတေးကဗျာတချို့ကို Mya Yar ( မြယာ) အဖွဲ့သားတွေမှ ရွေးချယ် ရွတ်ဖတ်မျှဝေသွားမှာဖြစ်ပါတယ်။ ဒေသိယအသံနဲ့ရွတ်ဖတ်သွားတဲ့ ကဗျာတွေကိုလည်း ဗမာလိုပြန်ရှင်းပြပြီး ကဗျာအပေါ်မှာခံစားတွေးမြင်မိတာတွေကိုလည်း မျှဝေပေးသွားမှာပါ။ နောက်ထပ်တင်ဆက်မယ့် အစီအစဉ်တွေကိုလည်း စောင့်မျှော်နားထောင်ပေးပါဦးနော်။

နားဆင်သူ သူငယ်ချင်းတို့လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ကဗျာလေးတွေအကြောင်းကို အောက်က comment မှာ မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။