မျှော်လင့်ခြင်း အသံ
မရေရာမှုတွေနဲ့ အခက်အခဲတွေကြားထဲကနေ လူငယ်တွေကို ဆက်လက်ရပ်တည်နိုင်အောင် ထောက်ပံ့ပေးနေတာက မျှော်လင့်ခြင်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ တနင်္သာရီတိုင်းအတွင်းရှိ လူငယ်တချို့ရဲ့ အသံတွေကို စုစည်းထားတဲ့ “မျှော်လင့်ခြင်းအသံ” အစီအစဉ်ကို မျှဝေပေးချင်ပါတယ်။
ဒီအစီအစဉ်မှာ လူငယ်တွေဟာ အချင်းချင်းကြား ယုံကြည်မှု၊ နားလည်ပေးနိုင်မှု၊ သဟဇာတဖြစ်မှု ကို အခြေခံပြီး ဒီကာလကြီးထဲမှာ “မျှော်လင့်ခြင်း” ဆိုတာကို သူတို့အတွက် ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားကြသလဲဆိုတာ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ စိတ်ခံစားချက်တွေနဲ့အတူ တင်ဆက်ထားပါတယ်။
နားဆင်သူအနေနဲ့လည်း ကိုယ့်အတွက် မျှော်လင့်ခြင်းဆိုတာ ဘာလဲ ဆိုတာကို အောက်ကကောမန့်မှာ မျှဝေပေးသွားလို့ရပါတယ်နော်။
ဒီ “အတူယှဉ်တွဲယှက်နွယ် ဒီဂျစ်တယ်ရပ်ဝန်းမှာ ရင်ဖွင့်မယ်” အစီအစဉ်ကနေတဆင့် ဖန်တီးမူလက်ရာတွေကို ဆက်လက် တင်ဆက်သွားမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။
ဒီအစီအစဉ်ကို Idea Lab ပံ့ပိုးမှုဖြင့် Mya Yar အဖွဲ့သားများမှ ဦးဆောင်တင်ဆက်ထားပြီး Tanitharyi Gallery မှ Media Partnership အဖြစ် ပူးပေါင်းအားဖြည့်ထားပါတယ်။




